ဖလမ်း၌ မီးဘေး၊ ငလျင်ဘေးအန္တရာယ်အကြောင်းနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေး

ဖလမ်း ၂၆  ဇူလိုင်

ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်နှင့် မှုခင်းအန္တရာယ်လျော့နည်းစေရန် သတိပြုရမည့် ရှောင်ရန်၊ ဆောင်ရန် အချက်များသိရှိပြီး ဘေးအန္တရာယ်မှ ကင်းဝေးနိုင်ရေးအတွက် မီးဘေး၊ ငလျင်ဘေးအန္တရာယ် အကြောင်းနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့၊ အမှတ်(၃) အခြေခံပညာထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဖလမ်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးဘွေမောင်းထန်က မီးဘေး၊ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိထားသင့်သည့် အကြောင်းများကိုလည်းကောင်း၊ ဖလမ်းမြို့ မြို့မရဲစခန်းမှ ဒုတိယစခန်းမှူး ရဲအုပ်ငွေစိုးက မှုခင်းကျဆင်းရေးဆိုင်ရာများကိုလည်းကောင်း အသီသီးဟောပြောဆွေးနွေးကြသည်။

ထို့နောက် ငလျင်လှုပ်လာပါက ကာကွယ်ရမည့် နည်းလမ်းများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။

MDN