ဖလမ်းမြို့နယ် လုမ်ဘန်းကျေးရွာ၌ လျှပ်စစ်မီးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ဖလမ်း ၁၄  မတ်    

ဖလမ်းမြို့နယ်၊ လုမ်ဘန်းကျေးရွာ ဒေါ်ခွမ်းဆွေးနေအိမ်တွင် မတ် ၁၄ ရက် နံနက် ၉ နာရီက  လျှပ်စစ်ဒယ်အိုးနီဖြင့် ဟင်းချက်ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားသည်။

ဖြစ်စဉ်မှာ အလယ်တန်းပြဆရာမ ဒေါ်ခွမ်းဆွေးသည် မီးဖိုခန်းတွင် လျှပ်စစ်ဒယ်အိုးနီဖြင့် ဟင်းချက်ပြုတ်ခဲ့ပြီး နေအိမ်မှ ဈေးဝယ်သွားစဉ် လျှပ်စစ်မီးအပူလွန်ကဲပြီး ဒယ်အိုးနီမှတစ်ဆင့် (၁၆×၂၀×၁၁) ပေရှိ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး နေအိမ်သည် မီးလောင်ကျွမ်းခဲ့ပြီး ကျေးရွာသူ ကျေးရွာသားများက ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၁၀ နာရီခန့်တွင် ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာရမှုမရှိကြောင်းသိရသည်။

ဂျွန်(ပြန်/ဆက်)