ဖိလစ်ပိုင်နိုင်င်ငံမှာ ဂျီဟတ်တွေ ဖမ်းဆီးထားတဲ့ ဗြိတိန်အမျိုးသားနဲ့ သူ့ဇနီး တို့ကို ကယ်ဆယ်နိုင်

၂၅ နိုဝင်ဘာ

 

ဖိလစ်ပိုင်စစ်တပ်က အိုင်အက်စ်အဖွဲ့နဲ့ ဆက်စပ်မှုရှိတဲ့ ဂျီဟတ်တွေ ဖမ်းဆီးထားတဲ့ ဗြိတိန်အမျိုးသားနဲ့ သူ့ဇနီး တို့က ဒီကနေ့ ကယ်ဆယ်နိုင်ကြောင်း သိရပါတယ်။ ဖိလစ်ပိုင်တောင်ပိုင်းရှိ မင်ဒါနာအို ကျွန်းရှိ ကမ်းခြေရှိ ဇနီးမောင်နှံပိုင် အပန်းဖြေစခန်းက လွန်ခဲ့တဲ့ နှစ်လနီးပါးက အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

 

ဖိလစ်ပိုင်စစ်တပ်နဲ့ ဂျိုလိုကျွန်းပေါ်ရှိ အဘူ ဆေယက်အဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်အပြီး ဇနီးမောင်နှံကို ကယ်ဆယ်လိုက်နိုင်တာဖြစ်ပါတယ်။ ဂျိုဟိုကျွန်းဟာ ပြန်ပေးဆွဲပြီး ငွေနဲ့ ပြန်ရွေးခိုင်းတဲ့အဖွဲ့တွေရဲ့ ခြေကုပ်စခန်းတွေတည်ရှိပြီး အဲဒီအဖွဲ့ဟာ ဖိလစ်ပိုင်နိုင်ငံမှာဆိုးဝါးတဲ့ တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ ပါဝင်သူတွေလည်း ဖြစ်ပါတယ်။

 

ဇနီးမောင်နှံကို အောက်တိုဘာလ ၄ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံရဲ့ တတိယအကြီးဆုံးကျွန်း မင်ဒါနာအို ရှိ အပန်းဖြေစခန်းကနေ ပြန်ပေးဆွဲခံတာဖြစ်ပါတယ်။ ပြန်ပေးဆွဲခံရတဲ့ ဇနီးမောင်နှံဟာ ပြန်ပေးငွေ မပြောခဲ့ဘူးလို့ သိရပါတယ်။

 

ကက်သရစ်ဘာသာဝင်အများစုနေထိုင်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ မူစလင်ခွဲထွက်ရေးသမားတွေက ဆယ်စုနှစ်တစ်ခုစာ တိုက်ခိုက်နေတဲ့အတွက် သေဆုံးသူပေါင်း ထောင်ချီရှိပြီးဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP