ဖိလစ်ပိုင်မှာကျင်းပတဲ့ အာဆီယံအစည်းအဝေးတွင် စစ်ထရာမန်နဲ့ မက်တစ် တွေ့ဆုံသွားဖို့ရှိ

ါရှင်တန် ၂၃ အောက်တိုဘာ

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်းမက်တစ်နဲ့ အိန္ဒိယကာကွယ်ရေးဝန်ကြီး နာမလာ စစ်ထရာမန်တို့ဟာ ဖိလစ်ပိုင်မှာ ဒီသီတင်းပတ်ထဲမှာပြုလုပ်တဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ တွေ့ဆုံသွားကြဖို့ ရှိတယ်လို့ ပင်တဂွန်ခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂၃ ရက်ကနေ ၂၅ ရက်အထိ ကျင်းပမယ့် အရှေ့တောင်အာရှ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးရဲ့ သီးခြားတွေ့ဆုံမှုတစ်ခုအဖြစ် မက်တစ်နဲ့ စစ်ထရာမန်တို့ဟာ နှစ်နိုင်ငံဆက်ဆံရေးအကြောင်းကို ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဖိလစ်ပိုင်မှာပြုလုပ်တဲ့ အာဆီယံအစည်းအဝေးအတွင်း ဒေသတွင်းခေါင်းဆောင်တွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ မလေးရှား ကာကွယ်ရေးဝန်ကြီးတွေနဲ့ပါ တွေ့ဆုံသွားဖို့ ရှိတယ်လို့ မက်တစ်က ဖိလစ်ပိုင်သို့သွားစဉ် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

(ပီတီအိုင်)