ဖောင်းပြင်မြို့နယ်တွင် ကျွဲ၊ နွားပွဲဈေးကောက် လိုင်စင်အား လေလံတင်ရောင်းချ

ဖောင်းပြင် ၆  ဖေဖော်ဝါရီ 


ဖေါင်းပြင်မြို့နယ် စည်ပင်သာယာရေးကော်မတီ အရပ်ရပ် အခွင့်အရေး လိုင်စင်များ၏ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသော ကျွဲ၊ နွားပွဲ ဈေးကောက် လိုင်စင်အား လေလံတင်ရောင်းချပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး၌ ပြုလုပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ လေလံကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ လေလံရောင်းချရေး အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။


ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ လေလံကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင် ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ လေလံရောင်းချရေး အဖွဲ့ခေါင်းဆောင် ဦးသန်းလွင်က လေလံ ရောင်းချခြင်းနှင့်ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားသည်။ ၎င်းနောက်  လေလံဆွဲဝယ်သူများက သိလိုသည်များကို မေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးကြသည်။


ထို့နောက် ကျွဲ၊ နွားပွဲဈေးကောက်လိုင်စင်အား ကြမ်းခင်းဈေးကျပ်သိန်း ၂၀ ဖြင့် ရောင်းချရာ လေလံဆွဲဝယ်သူ ၁၀ ဦး အနက် ဦးချစ်မင်းသူမှ ကျပ်သိန်း ၁၅၀ ဖြင့် လေလံအားရရှိသွားကြောင်း သိရသည်။


မြင့်ထွန်း

 

123