ပေါက်ခေါင်း ဧပြီ ၄
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ပေါက်ခေါင်းမြို့တွင် ယနေ့နံနက် ၉ နာရီမှ စတင်ဖြေဆိုလျက်ရှိရာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် အ.ထ.က(ပေါက်ခေါင်း) နှင့် အ.ထ.က(အိုးဘိုကုန်း) စာစစ်ဌာန (၂)ခုရှိပြီး ဓာတုဗေဒဘာသာဖြေဆိုရန် စာရင်းပေးထားသူ ကျောင်းသား၊ ကျောင်းသူ (၆၀၄)ဦးရှိရာ ယနေ့တွင် လာရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၅၂)ဦး ဝင်ရောက်ဖြေဆိုကြောင်း၊ ပျက်ကွက်သူ ကျောင်းသား (၂၁)ဦးနှင့် ကျောင်းသူ (၃၁)ဦးရှိကာ စာမေးပွဲဖြေဆိုသူ ၉၁ ဒသမ ၃၉ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စာမေးပွဲဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)


