ပေါက်ခေါင်း မတ် ၂၄
ပေါက်ခေါင်းမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်း ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင် ဒေါ်အေးအေးပိုက်က အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသမီးရေးရာအဖွဲ့၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ချက် များအကြောင်းကို ရှင်းလင်းပြောကြားကာ မြို့နယ်ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောခြင်းကို ပေါက်ခေါင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)


