ပြောင်းပြန်စကား ဆိုနေကြသူများ

နေပြည်တော် ၁၈ မတ်

 

၂၀ဝ၅ခုနှစ်၌ က္ဘာ့ထိပ်သီးညီလာခံတစ်ရပ် ကျင်းပ၍ ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ပါသည်။ အဆိုပါ ကမ္ဘာ့ထိပ်သီးညီလာခံက ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တို့အတွက် ချမှတ်ခဲ့သော အခြေခံသဘောထားတစ်ရပ်မှာ လူ့အခွင့်အရေး၊ဖွံ့ ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းမှုနှင့် လုံခြုံရေးတို့သည် အပြန်အလှန်အားဖြည့်ပေးလျက် ဆက်စပ်မှုတို့ရှိနေသည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ပဋိပက္ခအလွန်ကာလ၌ ငြိမ်းချမ်းမှုနှင့် ပြန်လည်သင့်မြတ်ရေးတို့ကို ပုံဖော်ဖန်တီးရာတွင် အဆိုပါဆက်စပ်မှုအားလုံးကို ခြုံငုံသုံးသပ်လျက်တစ်ခုတည်းသောချဉ်းကပ်ပုံရရှိစေရန် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ပါသည်။ရခိုင်ပြည်နယ်အရေးကိစ္စသည် ဤအခြေခံသဘောထားဖြင့် ကိုင်တွယ်ဖြေရှင်းရမည့်ကိစ္စရပ် ဖြစ်ပါသည်။

 

ရခိုင်ပြည်နယ် ပြဿနာသည် ကိုးကွယ်ယုံကြည်ရာဘာသာ၊ လူမျိုးဗီဇမတူသည့် လူ့အသိုင်းအဝိုင်းနှစ်ရပ်ကြား ဖြစ်ပွားသော ပြဿနာဖြစ်ပါသည်။ လူ့အဖွဲ့အစည်းတစ်ရပ်အတွင်းရှိ မတူကွဲပြားသော လူ့အသိုင်း အဝိုင်းနှစ်ရပ်၏ ပဋိပက္ခကို ပြည်ပအင်အားစုတို့က ဖြေရှင်းချက်တစ်ရပ်အတင်းသွတ်သွင်းချမှတ်ခြင်းဖြင့် ဖြေရှင်း၍ မရသည်မှာ ပေါ်လွင်ထင်ရှားပြီး ဖြစ်ပါသည်။ က္ဘာ့ဖြစ်ရပ်တို့ကိုကြည့်ပါက ဆီးရီးယား၊ အီရတ်၊လစ်ဗျားအစရှိသောနိုင်ငံတို့ရှိ ကိုးကွယ်ယုံကြည်ရာ ဘာသာမတူသည့် လူ့အသိုင်းအဝိုင်းနှစ်ရပ်၏ ပဋိပက္ခကို ပြည်ပအင်အားစုတို့က ဝင်ရောက်စွက်ဖက် မဖြေရှင်းနိုင်သည်ကို ရှင်းလင်းစွာ ဖော်ပြနေပါသည်။ ဆီးရီးယား၊အီရတ်၊ လစ်ဗျားနိုင်ငံတို့၌ ပြည်ပအင်အားစုတို့က စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခဲ့သောကြောင့် မတူကွဲပြားသော အသိုင်းအဝိုင်းနှစ်ရပ်၏ပဋိပက္ခတို့သည် ပို၍ပို၍ ဆိုးရွားလာသကဲ့သို့ ပြည်သူတို့သည်လည်း ကြေကွဲဖွယ်ရာအတိဒုက္ခတို့ကို ရင်ဆိုင်ခဲ့ရပါသည်။ ဆီးရီးယား၊ အီရတ်၊လစ်ဗျားနိုင်ငံတို့၏ဖြစ်စဉ်ကို သုံးသပ်ပါက ၂၀ဝ၅ ခုနှစ် ကမ္ဘာ့ထိပ်သီးညီလာခံက ချမှတ်ခဲ့သည့် အခြေခံသဘောထားကို ဆန့်ကျင်ပုံဖော်ခဲ့ သည်ကို တွေ့ရပါသည်။ ရခိုင်ပြည်နယ်ပြဿနာကို ကိုင်တွယ်ရာ၌အလားတူအမှားမျိုး မကျူးလွန်မိစေရန် အရေးကြီးပါသည်။

 

ရခိုင်ပြည်နယ်ပြဿနာသည် လူ့အဖွဲ့အစည်းတစ်ရပ်အတွင်းရှိကိုးကွယ်ယုံကြည်ရာဘာသာနှင့် လူမျိုးဗီဇမတူညီသည့် အသိုင်းအဝိုင်းနှစ်ရပ်ကြားရှိ ပဋိပက္ခသဘောကို ရည်òန်းနေပါသည်။ သို့သော် သာမန် မတူကွဲပြားမှု ပဋိပက္ခမျိုးမဟုတ်ပါ။ အမည်သစ်ဖြင့် တိုင်းရင်းသားအခွင့်အရေးရယူလျက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုသည့်လှုပ်ရှားမှု၏ နောက်ဆက်တွဲရလဒ်ဖြစ်နေပါသည်။ ဤလှုပ်ရှားမှုမှာလည်း ကမ္ဘာ့နေရာအနှံ့ ဓနငွေကြေးပုံအောသုံး၍ ဖန်တီးလှုံ့ဆော်ခဲ့သည့် လှုပ်ရှားမှုဖြစ်ပါသည်။ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား စစ်ရေးအရ တိုက်ယူပုံဖော်မည့် ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့ကိုလည်း ဖွဲ့စည်းလှုပ်ရှားပြီး ဖြစ်ပါသည်။ ရခိုင်ပြည်နယ်သည် ဖွံ့ ဖြိုးမှုနိမ့်ကျဆဲ ပြည်နယ်တစ်ခုဖြစ်ပါသည်။ရခိုင်အမျိုးသားအများစုသည် ဘဝရပ်တည်ရေးအတွက် တစ်နယ်တစ်ကျေးသို့ သွားရောက် အလုပ်လုပ်ကိုင်နေရပါသည်။ ရခိုင်ပြည်နယ်၌ အလုပ်အကိုင်အခွင့်အလမ်းတို့ကို အမြောက်အမြား ဖန်တီးပေးရန် လိုအပ်နေပါသည်။ ရခိုင်ပြည်နယ်ရှိ အသိုင်းအဝိုင်းနှစ်ရပ်လုံး၏ အတွေးအခေါ်နှင့်ပညာရေးကို မြှင့်တင်ပေးရန် လိုအပ်နေပါသည်။ သို့ဖြစ်ပါ၍ လူထုအစိုးရသစ်က ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ ဖြိုးရေးစီမံကိန်း (UEHRD)ကို ပုံဖော်ဖန်တီးနေခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် လူထုအစိုးရသစ်သည် ရခိုင်ပြည်နယ်အရေးကိစ္စအား ကိုင်တွယ်ရာ၌ ဘက်ပေါင်းစုံမှ ညှိနှိုင်း အကောင်အထည်ဖော်ရေးဟူသော အခြေခံမူကို ကျင့်သုံးနေခြင်း ဖြစ်ပါသည်။၂၀ဝ၅ ခုနှစ် က္ဘာ့ထိပ်သီးညီလာခံက ချမှတ်ထားသော အခြေခံသဘောထားကို ဆုပ်ကိုင်ကျင့်သုံး နေသည်ဟုလည်း ပြောဆိုနိုင်ပါသည်။

 

မြန်မာနိုင်ငံက ဤမျှမှန်ကန်သော အခြေခံသဘောထားကို ဆုပ်ကိုင်ကျင့်သုံးဖော်ဆောင်နေပါလျက် နိုင်ငံတကာပါလီမန်များညီလာခံကရခိုင်ပြည်နယ်အခြေအနေသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုခြိမ်းခြောက်နေသည်ဟု ဆိုလိုက်ခြင်းသည် ပြောင်းပြန်စကားကိုသာဆိုလိုက်ခြင်းဖြစ်ပါသည်။ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုအမှန်တကယ် ခြိမ်းခြောက်နေသည့်လုပ်ရပ်သည် ရခိုင်ပြည်နယ်အရေးကိုမှားယွင်းစွာ ချဉ်းကပ်ကိုင်တွယ်နေသည့် နိုင်ငံတကာပါလီမန်များညီလာခံရှိ မရိုးသားသောအင်အားစုတို့သာ ဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း