ပျော်ဘွယ်မြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ စက်သုံးဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွား

ပျော်ဘွယ်၊ ၈ ဇွန်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ပေါ်ရှိ စက်သုံးဆီဆိုင်တွင် ယနေ့ နံနက် ၁၁ နာရီ ၅၁ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

မီးလောင်ရာသို့ ရမည်းသင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ ပျော်ဘွယ်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၉)စီး၊ မိတ္ထီလာခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး မွန်းလွဲ ၁၂ နာရီ ၆ မိနစ်တွင် မီးထိန်းနိုင်ကာ  မွန်းလွဲ ၁၂ နာရီ ၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

MDN

Credit, မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့