ပစိဖိတ်ကျွန်းပေါ်က စွန့်ပစ်အမှိုက်များ

၁ သြဂုတ်

နယူးဇီလန်နဲ့ ပီရူးကြားရှိ ဟန်ဒါဆင်ကျွန်းဟာ ကမ္ဘာပေါ်မှာ ပလတ်စတစ်အမှိုက်အများဆုံး စုပုံနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အဲဒီကျွန်းဟာ လူအမြဲနေထိုင်တဲ့ ကျွန်းမဟုတ်ဘဲ နယူးဇီလန် နဲ့ ပီရူးနိုင်ငံတို့ကြား မိုင် ၃၄၀ဝ စီ အကွာမှာ တည်ရှိပါတယ်။ 

အထီးတည်းတည်ရှိတဲ့ ကျွန်းဖြစ်ပေမယ့် သမုဒ္ဒရာ ရေစီးကြောင်းကြောင့် အမှိုက်တွေ စုံပုံနေတာကို တွေ့ရပါတယ်။ အဲဒီကျွန်းပေါ်ရှိ အမှိုက်တွေကို သြစတြေးလျအခြေစိုက် သုတေသနပညာရှင် ဂျနီဖာ လာဘာ ဦးဆောင်တဲ့ အဖွဲ့က ပြီးခဲ့တဲ့ ဇွန်လက ရှင်းလင်းခဲ့ပါတယ်။  

 

mdn

 

ပင်လယ်ကမ်းခြေရဲ့ တစ်စတုရန်းမီတာအတွင်းမှာ ပလတ်စတစ်အမှိုက်ပေါင်း ၇၀ဝ ကျော်စုပုံနေတာကို တွေ့ခဲ့ရပါတယ်။ သီတင်းနှစ်ပတ်အတွင်းမှာ ပလတ်စတစ်အမှိုက်တန်ချိန် ၆ တန် ကောက်ယူရရှိခဲ့ပါတယ်။ 

အဲဒီမှာတွေ့ရှိရတဲ့အမှိုက်အမျိုးအစားတွေကတော့ ပုလင်းများ၊ ဗူးခွံများ၊ ငါးမျှားတဲ့ပစ္စည်းပေါင်းစုံ စတဲ့အမှိုက်တွေဖြစ်တယ်။ အဲဒီအမှိုက်တွေဟာ ဂျာမနီ၊ ကနေဒါ၊ အမေရိကန်၊ ချီလီ၊ အာဂျင်တီးနား၊ အီကွေဒေါ စတဲ့ နိုင်ငံများအပါအဝင် ကမ္ဘာ့နေရာပေါင်းစုံက အမှိုက်များဖြစ်တဲ့အတွက် နိုင်ငံတိုင်းမှာ တာဝန်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရမယ်ဆိုတာ ဒီအမှိုက်တွေကနေ သတိပေးလိုက်တာဖြစ်ကြောင်း သုတေသနပညာရှင်က ဆက်ပြောပါတယ်။ 

ဇီဝမျိုးစိတ်များကြွယ်ဝတဲ့ ဟန်ဒါဆင်ကျွန်းဟာ ၁၉၈၈ ခုနှစ်ကတည်းက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားတဲ့ လူတွေထိလို့ပြုလို့မရတဲ့ နိဗ္ဗာန်ဘုံလေး အဖြစ်တည်ရှိနေပါတယ်။ ဒါပေမယ့် နှစ်ပေါင်း ၃၀ ကျော်ပြီး နောက်ပိုင်းမှာ သမုဒ္ဒရာထဲက အမှိုက်တွေဟာ ရေစီးကြောင်း နဲ့အတူပါလာပြီး ရေလှိုင်းကြောင့် ကျွန်းပေါ်မှာ အမှိုက်တွေ စုံပုံလာတာဖြစ်ပါတယ်။

MDN
ကိုးကား - AFP