ပစ္စုပ္ပန်အခွင့်အရေး ရှိနေတဲ့အချိန်မှာ နောင်လာနောက်သားတွေအတွက် ကောင်းကျိုးချမ်းသာတွေ ဖြစ်အောင် အမွေကောင်းချန်လှပ်ထားနိုင်ဖို့ လုပ်ဆောင်ရမယ်

နေပြည်တော် ၁၉ ဇန်နဝါရီ 

တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက နေပြည် တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်က “ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ကျွန်တော်တို့ တိုင်းရင်းသားအားလုံး သဘောတူညီချက်နဲ့ ကြိုးစားတည် ဆောက်နိုင်မှ ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်မယ်၊ အပစ်အခတ်မရပ်စဲဘဲ ငြိမ်းချမ်းရေးဆွေးနွေး တာ ဘယ်လိုမှ မအောင်မြင်နိုင်ဘူး၊ အပစ်အခတ်ရပ်စဲပြီးမှ နိုင်ငံရေးအဆင့် သဘောတူညီချက် မရ ရအောင် ဆွေး နွေးမယ်ဆိုရင် ရရှိနိုင်ပါတယ်။”

“ကျွန်တော်တို့ပြီးခဲ့တဲ့ အတိတ်သမိုင်းက ကောင်းတဲ့အတိတ်သမိုင်းတွေကို ယူဆောင်လာပြီးတော့ ပစ္စုပ္ပန် အခွင့် အရေးရှိ နေတဲ့အချိန်မှာ နောင်လာနောက်သားတွေအတွက် ကောင်းကျိုးချမ်းသာတွေဖြစ်အောင် အမွေကောင်း ချန်လှပ်ထားနိုင်ဖို့ လုပ်ရမယ်လို့ ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။ 

MDN