ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ၁၈ ဘီးယာဉ်တစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက်မှုဖြစ်ပွား

ကျောက်တံခါး ၆ ဇွန်

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၀၅/ဝနှင့်၁အကြား အလယ်ခင်ကျေးရွာအနီး၌ ဇွန်လ၅ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က  ၁၈ဘီး ကုန်တင်ယာဉ်တစ်စီး လမ်းဘေးထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း နိုင်လင်းဦး(၃၆)နှစ် မြောက်ဦးရွာ ကျောက်ဆည်မြို့နေသူနှင့် ယာဉ်နောက်လိုက် ချစ်ရအောင်၁၈နှစ် ချောင်းဘက်ရွာ ကျောက်ဆည်မြို့ နေသူ လိုက်ပါစီးနင်းသည့် ယာဉ်အမှတ်2M/××××နီဆန်းဒီဇယ် ပြာ/ဖြူရောင် ၁၈ဘီးတွဲယာဉ်သည် တစ်ဖက်ယာဉ်ကြောမှလာသောယာဉ်အား ရှောင်တိမ်းစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ခြမ်းသို့ ရောက်ရှိသွားပြီး တိမ်းမှောက်ခဲ့သည်။

 

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့မှာဒဏ်ရာမရရှိသော်လည်း ယာဉ်မှာရှေ့လေကာမှန်ကွဲ၊ ယာဘက်ခြမ်းဘော်ဒီပွန်းပဲ့ ပိန်ချိုင့်ပျက်စီးခဲ့သဖြင့် ယာဉ်မောင်းအား ပဲနွယ်ကုန်း နယ်မြေရဲစခန်းမှ      အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

ခင်ကို(ကျောက်တံခါး)