ပဲခူးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူ

ပဲခူး      မေ      ၁၂

 

ပဲခူးတက္ကသိုလ်၌ မေ ၁၂ ရက် နံနက်ပိုင်း ကျောင်းစဖွင့်သည့်ရက်တွင် ပညာသင်နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ပြန်လည်ဖွင့်လှစ်ရာတွင် ပဲခူးတက္ကသိုလ်၌ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ် အတန်းများ၊ သင်တန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ဖွင့်လှစ်ပို့ချပေးလျက်ရှိသော အတန်းများ၌ ပညာသင်နှစ် အသီးသီးမှ  ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံခြင်းများ အဆင်ပြေချောမွေ့‌စေရန်နှင့် စိတ်အေးချမ်းစွာ တက်ရောက်ပညာသင်ကြားနိုင်ရန် တာဝန်ရှိသူများက  စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

ပဲခူး(ပြန်/ဆက်)