ပဲခူး ဧပြီ ၁
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မတ် ၃၁ ရက် နံနက်ပိုင်းက ပဲခူးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ လည်းကောင်း၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းသို့ လည်းကောင်း သွားရောက်၍ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးသည်။ ပဲခူးတိုင်းဒေသကြီးရှိ စာစစ်ဌာန ၁၁၉ ခုတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ စာရင်းရှိ ၂၉၈၅၄ ဦးရှိကြောင်း သိရသည်။
သတင်းစဉ်


