ပဲခူးတိုင်းဒေသကြီး၌ ပုံစံ(၆၆/၆)ပါ အချက်အလက်များ ဖြည့်သွင်းဆောင်ရွက်မှု ၉၇ ရာခိုင်နှုန်းကျော် ပြီးစီး

ပဲခူး      သြဂုတ်      ၁၃

 

အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/)ပါ အချက်အလက်များအား ကွန်ပျူတာဖြင့် ဖြည့်သွင်း ဆောင်ရွက်နေခြင်းကို ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်အသီးသီးတွင် ဇူလိုင် ၁၇ ရက်မှ စတင် ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၁၂ ရက်အထိ တိုင်းဒေသကြီးတစ်ခုလုံး အနေဖြင့် ၉၇ ဒသမ ၂၃ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

ပဲခူးတိုင်းဒေသကြီးရှိ အိမ်ထောင်စု ၁၁၀၆၃၆၈ စုအား Software Program ဖြင့် ကွန်ပျူတာ အသုံးပြုကာ ဖြည့်သွင်းနေခြင်းဖြစ်ပြီး သြဂုတ် ၁၂ ရက်အထိ အိမ်ထောင်စု ၁၀၇၅၆၈၃ စု၊ ရာခိုင်နှုန်းအားဖြင့် ၉၇ ဒသမ ၂၃ ဖြည့်သွင်းပြီးစီးနေပြီဖြစ်သည်။

 

အိမ်ထောင်စုများအား ပုံစံဖြည့်သွင်းရာတွင် တောင်ငူခရိုင်၌ ၉၂ ဒသမ ၉၀ ရာခိုင်နှုန်း၊ ညောင်လေးပင်ခရိုင်၌ ၉၈ ဒသမ ၇၅ ရာခိုင်နှုန်း၊ ပဲခူးခရိုင်၌ ၉၃ ဒသမ ၁၁ ရာခိုင်နှုန်း၊ သာယာဝတီခရိုင်၌ ၁၀၇ ဒသမ ၇၇ ရာခိုင်နှုန်း၊ နတ်တလင်းခရိုင်၌ ၉၄ ဒသမ ၃၁ ရာခိုင်နှုန်း၊ ပြည်ခရိုင်၌ ၉၄ ဒသမ ၈၀ ရာခိုင်နှုန်း အသီးသီး ပြီးစီးနေပြီဖြစ်ပြီး တိုင်းဒေသကြီး တစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်ဖြည့်ဆည်း ဆောင်ရွက် ပေးမှုဖြင့် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးအဖွဲ့များက အနီးကပ်ကြီးကြပ်ကာ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များ ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်စိုး(ပဲခူး)