နယူးယောက်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ပိုမိုများပြားလာ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသည့် လူနာများမြင့်တက်လာနေခြင်းကို ကုသရန်အတွက် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ဆေးရုံများတွင် ဆေးကုသရန်အတွက် ခုတင်များကို တိုးချဲ့ကုသရန် လုပ်ဆောင်လျက်ရှိသည်။

 

အမေရိကန်ပြည်ထောင်စုတွင် ရောဂါဖြစ်ပွားသူ ထက်ဝက်ကျော်မှာ နယူးယောက်ပြည်နယ်မှ အများဆုံးဖြစ်သည်။

 

နယူးယောက်မြို့ရှိ ခရိုင်ငါးခုတွင် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်သည်။ ကြာသပတေးနေ့အတွင်းက နယူးယောက်မြို့ရှိ ဆေးရုံတစ်ရုံ၏ အပြင်ဘက်တွင် ပြည်သူများက ဗိုင်းရပ်စ်စစ်ဆေးရန်အတွက် ဆေးရုံ၏ အပြင်ဘက် ၂မီတာအကွာတွင် ရပ်၍ စောင့်ဆိုင်းလျက်ရှိသည်။

 

မန်ဟတ်တန်တွင် ရှိနေသည့် အလုပ်သမားများသည် သေဆုံးမှုများမြင့်တက်လာနိုင်သည့်အတွက် ယာယီအဆောက်အအုံတစ်လုံး တည်ဆောက်ခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်