နယူးကာဆယ် အိမ်ကွင်း၌ နောက်ကျဂိုးဖြင့် အနိုင်ရရှိခဲ့သည် ဝုတ်ဗာဟန်တန်

ပရီမီယားလိဂ် ပွဲစဉ်(၁၆)အဖြစ် တနင်္ဂနွေနေ့ညက နယူးကာဆယ်နှင့် ဝုတ်ဗာဟန်တန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ နှစ်ဂိုး-တစ်ဂိုးဖြင့် နယူးကာဆယ်အသင်း အိမ်ကွင်းတွင် ရှုံးပွဲကြုံတွေ့ခဲ့သည်။

နယူးကာဆယ်အသင်းသည် ပွဲစတင်တာနဲ့ တစ်ပြိုက်နက် အကောင်းဆုံးပုံစံဖြင့် ဝုတ်ဗာဟန်တန် အသင်းဘက်ကို ထိုးဖောက်တိုက်စစ်ဆင်မှု ပြုလုပ်ထားနိုင်ခဲ့သည်။ သို့သော်လည်း ဝုတ်ဗာဟန်တန်အသင်းဟာ နယူးကာဆယ်အသင်းကို ပြန်လည်တုံ့ပြန်ကစားလာခဲ့သဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့သည်။ ပွဲချိန် ၁၇ မိနစ်တွင် ဝုတ်ဗာဟန်တန် အသင်းအတွက် အဖွင့်ဂိုးကို ဒီအိုဂိုဂျိုတာက အနီးကပ်ပိတ်သွင်းထားနိုင်ခဲ့သည်။ အိမ်ကွင်း၌ ဦးဆောင်ဂိုးပေးလိုက်ရသည့် နယူးကာဆယ်အသင်း ချေပဂိုးရရှိရေးအတွက် တိုက်စစ်ဆင်ထိုးဖောက်မှုတွေ ပြုလုပ်လာခဲ့ရာ ပွဲချိန် ၂၂ မိနစ်တွင် အရွန်ဇီပရက်ဇ် အဖိုးတန် ချေပဂိုးကို ခေါင်းတိုက်သွင်းယူပေးသွားခဲ့သည်။

ဒုတိယပိုင်းတွင် နှစ်သင်းစလုံး အနိုင်ရရှိရေးအတွက် တိုက်စစ်ဆင်မှုတွေ အပြင်အထန်ပြုလုပ်လာခဲ့ကြရာ ပွဲချိန် ၅၇ မိနစ်တွင် နယူးကာဆယ် ကစားသမား ဒီအင်ဒေးလ် တိုက်ရိုက်အနီကတ်ဖြင့် ပြိုင်ပွဲမှထွက်ခဲ့ရသည်။ တစ်ယောက်လျော့သွားသည့် နယူးကာဆယ်အသင်းဘက်သို့ ဝုတ်ဗာဟန်တန်အသင်း ပိုမိုဖိအားပေးတိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဦးဆောင်ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ ဂိုးရရှိဖို့ခက်နေခဲ့သည်။ သို့သော် ပွဲချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပိုတွင် ဒိုဟင်သီက ဝုတ်ဗာဟန်တန်အသင်းအတွက် အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့တာကြောင့် ဝုတ်ဗာဟန်တန်တို့ အဝေးကွင်းတွင် အဖိုးတန် သုံးမှတ်ကို ရယူးထားနိုင်ခဲ့သည်။

ယခုပွဲစဉ်တွင် နယူးကာဆယ်အသင်းမှ အဓိက ကစားသမား အများအပြားဟာ ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့တာသလို ဒုတိယပိုင်းတွင်လည်း တစ်ယောက်လျော့အနေအထားဖြင့် ကစားခဲ့ရသဖြင့် ရင်ဆိုင်ကစားခဲ့ရတာကြောင့် အိမ်ကွင်းတွင် ရှုံးပွဲကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ဝုတ်ဗာဟန်တန်အသင်းသည် ပရီမီယားလိဂ်ပွဲစဉ်(၁၅)တွင် ချယ်လ်ဆီးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် အသင်းဟာ ယုံကြည်မှုအပြည့်အဝရှိနေသည့် ပုံစံဖြင့် ပွဲထွက်လာခဲ့တာကို တွေ့ရသည်။ ပရီမီယားလိဂ်ပွဲစဉ်(၁၆)ပြီးဆုံးချိန်မှာတော့ နယူးကာဆယ်အသင်း အမှတ်ပေးဇယား အဆင့် (၁၆)နေရာတွင် ရမှတ် ၁၂ မှတ်ဖြင့် ရောက်ရှိနေခဲ့ပြီး ဝုတ်ဗာဟန်တန်အသင်းကတော့ ယခုပွဲ အနိုင်ရရှိခဲ့တာကြောင့် ရမှတ် ၂၂ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၁၀)အထိ တက်လှမ်းသွားနိုင်ခဲ့သည်။

 

MDN
Photo-Credit