နယူးဇီလန်တွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ နှစ်ဦး ရှိ

၂ ဇူလိုင်

 

နယူးဇီလန်နိုင်ငံတွင် ဇူလိုင် ၂ ရက်နေ့က သီးသန့်ခွဲခြားထားရှိသည့် နေရာမှ ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ နှစ်ဦး တွေ့ရှိခဲ့သည်ဟု နယူးဇီလန်ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

လူအုပ်စုတွင် ထပ်မံကူးစက်ခံရသူ မရှိကြောင်း ထိုဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နယူးဇီလန်တွင် ဇူလိုင် ၂ ရက်နေ့အထိ ရောဂါကူးစက်ခံရသူ ၁၈ ဦး ရှိသည်။

 

၎င်းတို့ကို သီးသန့်ခွဲခြားထားရှိသည်ဟု ယင်းဝန်ကြီးဌာနက ဆိုသည်။

 

ကိုဗစ်-၁၉ အတည်ပြု ကူးစက်ခံရသူပေါင်း ၁၁၈၀ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံ ပေးပိုးထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူအရေအတွက် ၂၂ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို