နယူးဇီလန်ရှိ မီးတောင်ပေါက်ကွဲရာသို့ ကယ်ဆယ်ရေးသမားများ မရောက်ရှိနိုင်သေး

နယူးဇီလန်နိုင်ငံတွင် တနင်္လာနေ့အတွင်းက မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူရှစ်ဦး ပျောက်ဆုံးလျက်ရှိသည်ဟု ကြေညာခဲ့သည်။

 

ဝှိုက်ကျွန်းသည် ကမ္ဘာလှည့်ခရီးသည်များ လာရောက်ရာ အဓိက နေရာတစ်ခုလည်းဖြစ်သည်။

 

မီးတောင်ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် အဆိုပါ ကျွန်းပေါ်တွင် လူ ၄၇ဦး ရှိနေခဲ့ကြောင်း ရဲက ပြောကြားခဲ့သည်။

 

လူခြောက်ဦးသေဆုံးခဲ့ပြီး၊ ရှစ်ဦးမှာ ပျောက်ဆုံးနေကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

လူပေါင်း ၃၀မှာ ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်ဟု ဆိုသည်။

 

၎င်းတို့ထဲမှ အချို့သောသူများသည် ပြင်းထန်သည့် မီးလောင်ဒဏ်ရာရာများ ခံစားနေရသည်ဟု သတင်းများအရ သိရသည်။

 

မီးတောင်ပေါက်ပြီး နှစ်ရက်ကြာသည့် ယနေ့အချိန်အထိ ရေနွေးငွေ့နှင့်မီးခိုးများမှာ ထွက်နေဆဲဖြစ်သည်။

 

တစ်ဦးချင်းစီအတွက် လုံခြုံမှုကို အာမ မခံပေးနိုင်သဖြင့် ကျွန်းသို့ ချဉ်းကပ်ရန်မဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

 

ကယ်ဆယ်ရေးသမားများကြား စိတ်ဓာတ်ကျမှုများမှာ ပျံ့နှံ့လျက်ရှိသည်ဟု ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်