နယ်သာလန်နိုင်ငံက  ဖျံမွေးမြူရေးခြံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ

၃ ဇူလိုင်

 

 

နယ်သာလန်နိုင်ငံရှိ ဖျံမွေးမြူရေး နောက်တစ်ခြံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့အတွက် ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့ Mink (ရေနီးကုန်းနီး ဖျံ)မွေးမြူရေးခြံ စုစုပေါင်း ၁၈ ခြံအထိ ရှိလာကြောင်း၊ ထောင်သောင်းချီတဲ့ ဖျံတွေကို သုတ်သင်ရန် ညွှန်ကြားထားကြောင်း နယ်သာလန် တာဝန်ရှိသူတွေ ဒီနေ့ (သောကြာနေ့) မှာ ကြေညာလိုက်ပါတယ်။

 

 

နိုင်ငံရဲ့ အရှေ့တောင်ပိုင်းရှိ လန်းဟော့စ် က ဖျံမွေးမြူရေးခြံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိတာဖြစ်ပြီး အဲဒီဒေသ အတွင်းရှိ ဖျံမွေးမြူရေးခြံ နောက်ထပ် ၁၇ ခြံမှာလည်း ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

မွေးမြူရေးခြံ အတွင်းက ဖျံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး လက္ခဏာတွေ တွေ့ရှိခဲ့ရင် ခြံပိုင်ရှင်တွေက သတင်းပို့ရမယ်လို့ ညွှန်ကြားထားတယ် ကျန်းမာရေးဝန်ကြီးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

ဖျံမွေးမြူရေးခြံမှာ အကောင်ရေပေါင်း ၄,၃၀ဝ ကျော်ရှိကြောင်းနဲ့ အမြန်ဆုံး သုတ်သင်ရန် အကြောင်းပြန်ထားပြီးဖြစ်ကြောင်း သိရပါတယ်။

 

 

ဧပြီလတွင်းက ဖျံမွေးမြူခြံနှစ်ခြံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီး အဲဒီခြံတွေက အလုပ်သမား အနည်းဆုံး နှစ်ဦးမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တဲ့အတွက် တိရစ္ဆာန်ကနေ လူသားကို ဗိုင်းရပ်စ်ပိုး ကူးစက်တာကို တွေ့ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပထမဦး အနေနဲ့ မှတ်တမ်းတင်ခဲ့ပါသေးတယ်။

 

 

ပြီးခဲ့တဲ့ လကလည်း ရောဂါပိုး တွေ့ရှိခဲ့တဲ့အတွက်  ဖျံအကောင်အရေ ထောင်ချီပြီး သတ်ရန် တာဝန်ရှိသူတွေက ညွှန်ကြားခဲ့ရကြောင်း သိရပါတယ်။

 

 

ဖျံတွေကို သားမွေးထုတ်ရန်အတွက် မွေးမြူကြတာဖြစ်ပြီး ၂၀၂၄ ခုနှစ်အထိ ဖျံမွေးမြူရေးခြံတွေမှာ သားမွေးထုတ်လုပ်ရန် ပြတ်တောက်သွားပြီလို့ သိရပါတယ်။

 

 

MDN

ကိုးကား - AFP