နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

နတ်မောက် ဒီဇင်ဘာ ၅

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

 

ဦးစွာ ကျောင်းသား ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် အကြောင်းအရာများ၊ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ၊ မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းရန် ဆွေးနွေးဟောပြောသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

 

လှဝင်း