၂၆ ဧပြီ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှာ ဒီနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများပူးပေါင်းပြီး မဖြစ်မနေ ကိစ္စရပ်များအတွက် အပြင်ထွက်သွားလာနေသော ပြည်သူများကို Covid -19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နာခေါင်းစည်းများ တပ်ဆင်ပြီး သွားလာခြင်းရှိမရှိ စစ်ဆေးခြင်း၊ နာခေါင်းစည်းများမရှိသော ပြည်သူများကို အခမဲ့ ဖြန့်ဝေပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း စတဲ့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှိုင်းဘွဲမြို့နယ်စခန်းမှူး ဒုရဲမှူး အောင်ကျော်မိုး က အခုလိုရှင်းပြထားပါတယ်။ လှိုင်းဘွဲ(ပြန်/ဆက်)