၁၈ ဒီဇင်ဘာ
ဂမ်ဘီယာနိုင်ငံမြို့တော် ဘန်ဂျူးမှာ သမ္မတ အာဒမာ ဘာရိုး နှုတ်ထွက်ပေးရန် ထောင်ချီတဲ့ လူတွေက ဆန္ဒပြနေပါတယ်။ 
သမ္မတ ဘာရိုးဟာ ဆောက်လုပ်ရေးလုပ်ငန်းရှင်ဖြစ်ပြီး ဂမ်ဘီယာနိုင်ငံရဲ့ အကြီးဆုံးပါတီ UDP (United Democratic Party) ပါတီဝင်တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတဟောင်း ရာရာ ဂျမေးကို လက်ရှိသမ္မတ ဘာရိုးက ဆန္ဒမဲ ၄၅ ရာခိုင်နှုန်းကျော် နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အနိုင်ရစဉ်မှာ ဘာရိုးဟာ နိုင်ငံကို သုံးနှစ်ဘဲအုပ်ချုပ်မယ်။ နိုင်ငံ့ရဲ့ စီးပွားရေးကို ပြန်လည် သက်ဝင်လာအောင် လုပ်ဆောင်မယ်လို့ ကြွေးကြော်ခဲ့ပါတယ်။