AFC U-16 Championship 2020 ဘောလုံးပြိုင်ပွဲ၏ ခြေစစ်ပွဲ ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့၏ ပွဲစဉ်အား စက်တင်ဘာလ(၁၈) ရက်နေ့၊ ညနေ(၆)နာရီအချိန်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပါသည်။ အဆိုပါဘောလုံးပွဲစဉ်အား ယနေ့ ညနေ(၅)နာရီ (၄၅) မိနစ်အချိန်မှစတင်၍ မြန်မာ့ရုပ်မြင်သံကြား(MRTV)၊ မြန်မာ့အသံရေဒီယို၊ MRTV Sports Channel နှင့် MRTV Facebook Page တို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်သွားမည်