၁၇ စက်တင်ဘာ

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ယာဟုအတွက် ဝန်ကြီးချုပ် ဆက်လက်လုပ်ဆောင်နိုင်မလားဆိုတာကို ဒီကနေ့ မဲပေးရွေးချယ်ကြတာကို တွေ့ရပါတယ်။ အခုကျင်းပတဲ့ ရွေးကောက်ပွဲဟာ ငါးလအတွင်း ကျင်းပတဲ့ ဒုတိယမြောက် ရွေးကောက်ပွဲဖြစ်ပါတယ်။ 
ဧပြီလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပြီးမှာအစိုးရဖွဲ့စည်းရန် မလုပ်နိုင်တဲ့အတွက် နေတန်ယာဟုက ရွေးကောက်ပွဲ နောက်တစ်ကြိမ် ကျင်းပရန် ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိကျင်းပနေတဲ့ ရွေးကောက်ပွဲမှာလူဦးရေ ၆.၄ သန်းဟာ မဲပေးပိုင်ခွင့်ရှိကြောင်းသိရပါတယ်။ 
လီကွတ်ပါတီရဲ့ အဓိကပြိုင်ဘက်ပါတီဟာ  အပြာနဲ့အဖြူပါတီဖြစ်ပါတယ်။ အပြာနဲ့အဖြူ ပါတီကို ဦးဆောင်သူမှာ  စစ်ခေါင်းဆောင်ဟောင်း ဘန်နီဂန့် ဖြစ်ပါတယ်။ ပါတီငယ်လေးတွေဟာ အစိုးရဖွဲ့ရန် အပြီးသတ် အဆုံးအဖြတ် မှာ အရေးတဲ့အပိုင်းကနေ ပါဝင်လာလေ့ရှိပါတယ်။ အစ္စရေးနိုင်ငံမှာ အနိုင်ရတဲ့ပါတီကနေ ဦးဆောင်ပြီး ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းရတဲ့အတွက် ပါတီငယ်တွေရဲ့ ကဏ္ဍက အရေးပါခြင်း ဖြစ်ပါတယ်။ 
ညွှန်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းရန် ညှိနှိုင်းမှုများကို ဒီကနေ့ ည ၁၀ နာရီ နဲ့ မဲရလဒ်တွေ ထုတ်ပြန်ချိန်မှာ စတင်နိုင်မှာ ဖြစ်ပါတယ်။ နေတန်ယာဟုဟာ ဝန်ကြီးချုပ်ရာထူးကို စုစုပေါင်း ၁၃ နှစ်ကျော် တာဝန်ယူပြီး ဖြစ်ပါတယ်။ ဒါပေမယ့် မဲပေးပြည်သူအများစုက နေတန်ယာဟုဘဲ ဆက်လက်အနိုင်ရမယ်လို့ ထင်ကြေးပေးနေပါတယ်။

MDN
ကိုးကား - AFP