ညောင်ဦးမြို့နယ်၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

ညောင်ဦး၊ ဒီဇင်ဘာ  ၅

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၅ ရက်၊ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

 

အဆိုပါဟောပြောပွဲတွင် ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူဇာစိုးက ကလေးအလုပ်သမား ပပျောက်ရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ယုခိုင်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က လူငယ်နှင့်ဘက်စုံ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောဆွေးနွေးပြီး ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။

 

အသိပညာပေးဟောပြောပွဲ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက ခင်းကျင်း ပြသထားသည့် သုတ/ရသ စာအုပ်များ၊ ကလးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါး ကင်းစင်ရေးနှင့် အမျိုးသားအောင်ပွဲနေ့ နံရံကပ်ပြဘုတ်များအား စိတ်ဝင်တစား ကြည့်ရှုခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

 

ခရိုင် ပြန်/ဆက်