ညောင်ရွှေမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၀၂)စုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၃၀၆)ခု ဆောင်ရွက်ပေးခဲ့

ညောင်ရွှေ     ဇန်နဝါရီ     ၈

 

ရှမ်းပြည်နယ်၊ ညောင်ရွေမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဇော်နှင့် ဝန်ထမ်းများသည် ဇန်နဝါရီ ၇ ရက်က တောင်တိုကျေးရွာအုပ်စု၌  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

 

ထိုသို့ကွင်းဆောင်ရွက်ပေးရာတွင် တောင်တိုကျေးရွာအုပ်စုအတွင်းရှိ ပိန္နဲကုန်းကျေးရွာ၊ လွယ်တော်ကျေးရွာနှင့် တောင်တိုကျေးရွာများမှ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း (၁၀၂)စုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၃၀၆)ခု ဆောင်ရွက်ပေးခဲ့ပြီး အခြားကျေးရွာအုပ်စုများသို့လည်း စီမံကိန်းကာလအတွင်း ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ(ပြန်/ဆက်)