နှင်းခူနာကို ပျောက်စေသော သဘာဝ နည်းလမ်းများ

ရေးသားသူ Dr . Phyu Mon Latt

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 နှင်းခူနာဆိုတာဘာလဲ

 

နှင်းခူနာဟာ အရေပြားကို နီရဲပြီး ယားယံစေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ကလေးတွေမှာ အဖြစ်များပြီး အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ သူဟာ နာတာရှည်ဖြစ်ပြီး အချိန်ပိုင်းအလိုက် ပြန်ဖြစ်လိုက် သက်သာသွားလိုက် ဖြစ်တတ်ပါတယ်။ ဒီရောဂါဟာ ပန်းနာရင်ကျပ် (သို့) ဓါတ်မတည့်ရောဂါတို့နဲ့ တွဲဖြစ်တတ်ပါတယ်။

ကုသမှု

 နှင်းခူနာကို ဘယ်လိုသဘာဝနည်းတွေနဲ့ ကုသနိုင်သလဲ။

စိုစွတ်ပြီးအေးတဲ့ အရာနဲ့ဖိထားပါ။

ဖြစ်ပွားတဲ့နေရာမှာ အရေပြားကို ကာကွယ်ဖို့နဲ့ ယားယံမှုကို ကာကွယ်ဖို့  ပတ်တီးစည်းထားနိုင်ပါတယ်။

  ရေနွေးနဲ့ ရေချိုးပါ။

ချိုးမယ့်ရေကို မုန့်ဖုတ်ဆိုဒါ၊ မချက်ရသေးတဲ့ အုပ်ဂျုံ သို့ colloidal oatmeal တွေဖြူးပေးပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ စိမ်ပြီး အခြောက်သုတ်ကာ ဆေးပါတဲ့လိုးရှင်းတွေ၊ အစိုဓါတ်ထိန်းပစ္စည်းတွေ၊ ဒါမှမဟုတ် နှစ်မျိုးလုံး ပေါင်းပြီး အသုံးပြုနိုင်ပါတယ်။

  ဆိုးဆေး (သို့) ရေမွှေးနံ့မပါတဲ့ ပျော့တဲ့ဆပ်ပြာကို အသုံးပြုပါ။

ရေချိုးပြီးရင် ဆပ်ပြာကိုပြောင်အောင် ရေဆေးချသင့်ပါတယ်။

ချွတ်ဆေးနဲ့ရေချိုးပါ။

ရေရောထားတဲ့ အရောင်ချွတ်ဆေး အပျော့တွေဟာ အရေပြားပေါ်က ဘက်တီးရီးယားပိုးတွေနဲ့ သူတို့ကြောင့် ဖြစ်စေတဲ့ ရောဂါတွေကိုလျော့ကျစေပါတယ်။ အိမ်သုံးအရောင် ချွတ်ဆေးတွေကို ခွက်တစ်ဝက်လောက် ထည့်ပြီး ရေနွေး ဂါလန် ၄၀ နဲ့ရောပြီး ရေချိုးကန်ထဲကို ထည့်သင့်ပါတယ်။ ရေချိုးကန် ဟာစံနှုန်းနဲ့ တိုင်းတာထားခြင်းဖြစ်ပြီး အပေါက်ကိုရေလျှံမကျအောင် တွက်ချက်ထားခြင်းဖြစ်ပါတယ်။ လည်ပင်းကနေ ဖြစ်ပွားတဲ့ အရေပြားအထိကို ဆယ်မိနစ်ခန့်စိမ်ပါ။ ခေါင်းကိုမစိမ်ပါနဲ့။ ပြီးရင် ရေဆေးချပြီး အခြောက်သုတ်ကာ အစိုဓါတ်ထိန်း moisturiser သုံးသင့်ပါတယ်။ ဒီလိုချွတ်ဆေးသုံးပြီး ရေချိုးခြင်းကို တစ်ပတ်မှာ နှစ်ခါကနေ သုံးခါထက်ပိုပြီး အသုံးမပြုသင့်ပါဘူး။

  လက်တွေကို ကာကွယ်ပါ

 ရေတွေ အခြားအရာတွေနဲ့ ထိတွေ့ရတာကြောင့် လက်တွေယားယံနိုင်ပါတယ်။ ပန်းကန်ဆေးရင် (သို့) လက်ရေစိုမယ်ဆိုရင် လက်အိတ်ဝတ်သင့်ပါတယ်။ ချည်သားလက်အိတ်တွေကို ပလပ်စတစ်လက်အိတ်တွေ အောက်က ဝတ်ခြင်းဟာ ချွေးကိုစုပ်ယူစေတာကြောင့် ယားယံခြင်း လျော့နည်းစေပါတယ်။ အခြားအလုပ်တွေ လုပ်နေရင်တောင်မှ ချည်သားလက်အိတ်တွေက ကာကွယ်ပေးပါတယ်။ အေးတဲ့ရာသီဥတုမှာ အပြင်ထွက်ရင် သားရေ (သို့) ချည်သား လက်အိတ်တွေကို လေအေးတွေနဲ့ မထိစေဖို့အတွက် အသုံးပြုသင့်ပါတယ်။ အမွေးတွေပါတဲ့ လက်အိတ်တွေကတော့ ယားယံစေနိုင်ပါတယ်။

  ခြောက်သွေ့ယားယံနေတဲ့ အရေပြားကို ရေဓါတ်ဖြည့်တင်းပါ

Moisturiser လိမ်းခြင်းဟာ နှင်းခူနာ ထိန်းချုပ်ဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် moisturiser ကို အဝတ်လျှော်အပြီးနဲ့ ရေချိုးအပြီးမှာ အသုံးပြုသင့်ပါတယ်။ အကောင်းဆုံးဖြစ်ဖို့အတွက် ဘာမှ မပါတဲ့ အနံ့ကင်းတဲ့ moisturiser ကို လိမ်းသင့်ပါတယ်။ ထပ်ထည့်ပစ္စည်းတွေ၊ ဓါတုပစ္စည်းတွေဟာ အရေပြားကို ယားယံစေနိုင်တာကြောင့် ၎င်းပစ္စည်းတွေမပါတဲ့ moisturiser ကို အသုံးပြုသင့်ပါတယ်။ ပိုမိုပျစ်တဲ့အရာတွေဖြစ်တဲ့ လိမ်းဆေးတွေ၊ ခရင်မ်တွေဟာ အရေပြားကို ကာကွယ်မှု အပေးနိုင်ဆုံးဖြစ်ပါတယ်။

  နှင်းခူနာ အကွက်တွေကို မကုတ်ပါနဲ့

နှင်းခူနာဟာ ယားယံစေပါတယ်။ ဒါပေမယ့် ကုတ်ခြင်းဟာ ပိုမို ယားယံစေပါတယ်။ ပြီးတော့ ကုတ်လိုက်ရင် အရေပြားကို ပျက်စီးစေပြီး ရောဂါပိုးဝင်စေနိုင်ပါတယ်။ ဒါကြောင့် ကုတ်မယ့်အစား ယားယံခြင်းကို လျော့ကျစေတဲ့ နည်းလမ်းတွေဖြစ်တဲ့ ရေခဲကပ်ပေးခြင်း၊ moisturiser မကြာခဏသုံးပေးခြင်း၊ ရေချိုးခြင်းနဲ့ ဆေးလိမ်းခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

  နှင်းခူနာ ပြန်ထခြင်းက ကာကွယ်ဖို့ ချွေးအလွန်အကျွံ ထွက်ခြင်းကို ကာကွယ်ပါ

လူအချို့အတွက်ကတော့ ပူလွန်းခြင်း (သို့) ချွေးထွက်ခြင်းဟာ နှင်းခူနာကို ပြန်ထစေပါတယ်။ ဒီလိုလူနာတွေ အတွက်ဆိုရင်တော့ လေ့ကျင့်ခန်း လုပ်ပြီးပြီးချင်းရေချိုးသင့်ပါတယ်လို့ Cambio က ပြောပါတယ်။

  သင့်ကိုယ်သင် သေချာစွာ အခြောက်ခံပါ

ရေချိုးပြီးရင် အရေပြားကို လက်ဖဝါးနဲ့ လျင်မြန်စွာ သုတ်ပြီး ခြောက်သွေ့တဲ့ တဘက်နဲ့ သုတ်ကာ moisturiser လိမ်းသင့်ပါတယ်။

 

Hello Health Group