NMSP (မွန်)အဖွဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် ပါဝင်လက်မှတ်ရေးထိုးမည့် ကိစ္စရပ်များဆွေးနွေး

နေပြည်တော် ၂၃ ဇန်နဝါရီ

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် ပါဝင်လက်မှတ်ရေးထိုးမည့် NMSP (မွန်)အဖွဲ့ဥက္ကဋ္ဌ နိုင်ထောမွန် ဦးဆောင်သည့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် ပါဝင်လက်မှတ်ရေးထိုးမည့် ကိစ္စရပ်များနှင့် ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေး ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

(MDN)