နမ္မတူ၊   ၂၉   ဒီဇင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ နမ္မတူရပ်ကွက်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် (A)အဆင့်ရရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ဆောင်ရွက်ကြသည်။

(A)အဆင့်ရရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်းမရှိပါက အရေးယူသွားမည်ဖြစ်ပြီး ရက်သတ္တ တစ်ပတ်လျှင် နှစ်ကြိမ် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နမ္မတူမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးသက်နိုင်ထွန်းထံမှ သိရသည်။

လူမော်(ပြန်/ဆက်)