နမ္မတူမြို့နယ်၊ မိုင်းတတ်နှင့် မိုင်းဆင်ကျေးရွာ၌ ၂၀၁၈ ခုနှစ် သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သော တောင်သူများအား မိုးစပါးနှင့် သွင်းအားစုဓါတ်မြေသြဇာများ ထောက်ပံ့

နမ္မတူ ၂ ဇွန်
    
၂၀၁၈ ခုနှစ် သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သော ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်းရှိ မိုင်းတတ်နှင့် မိုင်းဆင်ကျေးရွာမှ တောင်သူ (၁၃)ဦးအတွက် မိုးစပါးနှင့် သွင်းအားစုဓါတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

 

4406

 

မိုးစပါးနှင့် သွင်းအားစုဓါတ်မြေသြဇာများ ပေးအပ်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးမြကျော်က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်က မြို့နယ်တွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုအား (ဘ)ခြောက်လုံးနှင့်အညီ တင်ပြရန်လိုကြောင်း သို့မှသာ သက်ဆိုင်ရာဌာနများမှ ထောက်ပံ့ကူညီနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးထွန်းမင်းဦးက သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သော တောင်သူများအား မိုးစပါးနှင့် သွင်းအားစုဓါတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခြင်းလုပ်ငန်းအား ရှင်းလင်းပြောကြားခဲ့သည်။

 

5253

 

ဆက်လက်၍ တာဝန်ရှိသူ ဌာနဆိုင်ရာအကြီးအကဲများက မိုင်းတတ်၊ မိုင်းဆင်ကျေးရွာရှိ တောင်သူ (၁၃)ဦးထံသို့ မိုးစပါးမျိုး ကီလို (၁၃၀)၊ သွင်းအားစု ဓါတ်မြေသြဇာ (၁၃)အိတ်နှင့် ပုလဲဓါတ်မြေသြဇာ (၁၃) အိတ်အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

လူမော်(ပြန်/ဆက်)