နမ့်စန်နှင့်ခိုလမ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၂၈ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ နားပွဲကျေးရွာအုပ်စု၊ နားပွဲကျေးရွာ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အိုက်လွတ် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှင့် အိုက်တောင်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ် တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၂၂ ကီလို၊ ဘိန်းစိမ်း ၃၅ ကီလို၊ စုစုပေါင်း ဘိန်းစိမ်း ၅၇ ကီလိုနှင့် မြန်မာငွေကျပ် ၈၈ ဒသမ ၈ သိန်း တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)