နမ့်စန်နှင့် မူဆယ် မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူးယစ်တပ်ဖွဲ့စု (၄၃)ရန်ကုန် (တောင်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၂ ရက် နံနက် ၁၁ နာရီခွဲက မူးယစ်တပ်ဖွဲ့စု (၂၇) လွိုင်လင်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်စန်မြို့နယ်၊ ဝမ်ပုံကျေးရွာအုပ်စု၊ ဝမ်ကျောင်းကျေးရွာနေ အားဖျင်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၂၄၇၅ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

 

အလားတူ ည ၈ နာရီတွင် တပ်မတော်မှ မူဆယ်မြို့နယ်၊ ဟိုလောင်ကျေးရွာအနီးတွင် တရုတ်နိုင်ငံသားများဖြစ်သည့် ကျိုးဟော်ရင့် (ခ) ရှောက်ကျိုး မောင်းနှင်လာသည့် ၆ ဘီး မော်တော်ယာဉ်ပေါ်မှ ပလတ်စတစ်ပုံး ၂၇၅ ပုံးဖြင့်ထည့်လျက် ဟိုက်ဒရိုကလိုရစ်အက်စစ်လီတာ ၄,၄၀ဝ၊ ယွီရှော့လုံ မောင်းနှင်သည့် ၆ ဘီးမော်တော်ယာဉ်ပေါ်မှ ပလတ်စတစ်ပုံး ၂၄၄ ပုံးဖြင့် ထည့်လျက် ဟိုက်ဒရိုကလိုရစ်အက်စစ်လီတာ ၃၉၀၄၊ စုစုပေါင်း ဟိုက်ဒရိုကလိုရစ် အက်စစ်လီတာ ၈၃၀၄၊ ကျန်းရုန်းဟွ မောင်းနှင်သည့် ခြောက်ဘီး မော်တော်ယာဉ်ပေါ်မှ ပီပါ ၃၄ လုံးဖြင့် ထည့်လျက် အက်စီတုန်းလီတာ ၅,၄၄၀၊ ယာဉ်မောင်း မတွေ့ရှိသည့် ၆ ဘီးယာဉ်ပေါ်မှ ပီပါ ၇၄ လုံးဖြင့်ထည့်လျက် အက်စီတုန်း ၁၁,၈၄၀ လီတာ၊ စုစုပေါင်းအက်စီတုန်းလီတာ ၁၇,၂၈၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)