ရန်ကုန် စက်တင်ဘာ ၂၅
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၂၈)နှင့် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၉)၏ သင်တန်းဖွင့်ပွဲ အခမ်းအနားများကို ယနေ့ နံနက်ပိုင်းတွင် Online Learning System ဖြင့် ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ဖွင့်ပွဲများသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၂၈)သို့ သင်တန်းသား (၁၈၄)ဦး၊ သင်တန်းသူ (၂၁၄)ဦး၊ စုစုပေါင်း (၃၉၈)ဦး တက်ရောက်ကြပြီး စက်တင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ Distance Learning ဖြင့် လည်းကောင်း၊ ဒီဇင်ဘာ ၂၅ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၉ ရက်အထိ In-House Learning ဖြင့် လည်းကောင်း သင်ကြားပို့ချသွားမည်ဖြစ်သည်။
အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၉)သို့ သင်တန်းသား (၉၁)ဦး၊ သင်တန်းသူ (၁၀၁)ဦး၊ စုစုပေါင်း (၁၉၂)ဦး တက်ရောက်ကြပြီး စက်တင်ဘာ ၂၅ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်အထိ Distance Learning ဖြင့် လည်းကောင်း၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၁၅ ရက်အထိ In-House Learning ဖြင့်လည်းကောင်း သင်ကြားပို့ချသွားမည်ဖြစ်သည်။
သတင်းစဉ်