နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံ သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၀

 

အခြေခံပညာ ဆရာ၊ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၃) သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၊ ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က “သင်တန်းတွင် ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ပညာရေးဆိုင်ရာ မူဝါဒများ၊ စီမံကိန်းများနှင့် လက်တွေ့လုပ်ငန်း ဆောင်ရွက်ချက်များအပြင် ကျန်းမာရေးဝန်ကြီးဌာနမှလည်း ဆွေးနွေးပို့ချပေးသွားမှာဖြစ်သလို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်ရှိ ပညာဌာနရှစ်ခုမှ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများကလည်း သက်ဆိုင်ရာဘာသာရပ်များ၊ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ကျင့်ဝတ် စံတန်ဖိုးဆိုင်ရာကိစ္စရပ်များနှင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကို အထောက်အကူပြုစေမည့် သင်ခန်းစာများကို ဆွေးနွေးပို့ချပေးသွားမှာဖြစ်သည့်အတွက် မိမိတို့၏ သင်ကြားရေးဆိုင်ရာ အရည်အသွေးများ မြင့်မားထက်မြက်လာစေရေး စိတ်ဝင်တစား လေ့လာသင်ယူသွားကြရန်” သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား ၁၅၃ ဦး၊ သင်တန်းသူ ၃၉၅ ဦး စုစုပေါင်း ၅၄၈ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တငါးပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်