ရန်ကုန် မတ် ၂၃
လေယာဉ်ဆီ မလုံလောက်မှု အခြေအနေများကြောင့် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အခက်အခဲမရှိ ဆက်လက်ပြေးဆွဲနိုင်ရန်အတွက် ခရီးဆောင်အလေးချိန် ကန့်သတ်ချက်များကို မဖြစ်မနေ လျှော့ချသတ်မှတ်ရခြင်း ဖြစ်ကြောင်း Myanmar Airway International (MAI) က မတ် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် ဖော်ပြထား
ယင်းသို့ ဆုံးဖြတ်ချက်သည် ပြည်တွင်းလေကြောင်း စျေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ခရီးစဉ်ဖျက်သိမ်းရသည့် ဖြစ်စဉ်များကဲ့သို့ ထပ်မံမဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
MAI အနေဖြင့် နိုင်ငံတကာ လေကြောင်းခရီးစဉ် အားလုံးအတွက် ယာယီခရီးဆောင် အလေးချိန် Economy Class: 20 KG (တစ်အိတ်သာခွင့်ပြု)၊ Business Class: 30 KG (တစ်အိတ်သာခွင့်ပြု)၊ Hand-carry: 7KG (အများဆုံး နှစ်အိတ် သာခွင့်ပြု)၊ Excess Baggage: အများဆုံး ငါးကီလိုဂရမ်သာ ခွင့်ပြု သွားမည်ဖြစ်ပြီး အပိုခရီးဆောင်အိတ်များ လက်ခံခြင်းကိုမူ လေဆိပ်ရှိ တာဝန်ကျဝန်ထမ်းများ၏ ဆုံးဖြတ်ချက်အပေါ်မူတည်၍ ဆောင်ရွက်မည်ဖြစ်ကာ နောက်ထပ် ကြေညာချက်အသစ် မထုတ်ပြန်သည်အထိ အကျုံးဝင်မည်ဖြစ်သည်။
ထို့ပြင် MAI သည် ပျံသန်းမှုဆိုင်ရာလိုအပ်ချက်များအရ ခရီးဆောင်အိတ်များကို လေဆိပ်တွင် ပယ်ချခြင်း သို့မဟုတ် မတင်ဆောင်နိုင်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း၊ ထိုသို့ မတင်ဆောင်နိုင်ခဲ့သည့် ခရီးဆောင်အိတ်များကို ၇၂ နာရီအတွင်း ပိုင်ရှင်ခရီးသည်များထံသို့ ပြန်လည် ပို့ဆောင်ပေးနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ယခုထုတ်ပြန်ချက်အရ ကြိုတင်ဝယ်ယူထားသော Prepaid Excess Baggage များကို ယာယီမတင်ဆောင်နိုင်သဖြင့် ခရီးသည်များအား Refund ပြန်လည် ပေးအပ်သွားမည်ဖြစ်သည်။
MAI အနေဖြင့် ခရီးသည်များ အဆင်ပြေချောမွေ့စွာ ခရီးသွားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ယခုကဲ့သို့ ခက်ခဲလှသည့် အခြေအနေများတွင် ဖြစ်ပေါ်လာသည့် အဆင်မပြေမှု များအတွက် ခရီးသည်များအား အထူးတောင်းပန်ကြောင်း၊ ယခုလို ခက်ခဲသောကာလအတွင်း ခရီးသည်များ၏ နားလည်ပံ့ပိုးပေးမှုများကိုလည်း ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုထက်


