နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည့် ဒေါ်ကေသီစိုးအား လမ်းညွှန်မှာကြား

နေပြည်တော် ၂၁ ဇွန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည့် ဒေါ်ကေသီစိုးအား ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သမ္မတရုံးခန်း၌ တွေ့ဆုံပြီး လိုအပ်သည့် မူဝါဒများကို လမ်းညွှန်မှာကြားသည်။

(သတင်းစဉ်)