နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့် Japan Federation of Bar Associations(JFBA) မှ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ JICA Judicial and Legal Project မှ အကြံပေးအရာရှိချုပ်နှင့်အဖွဲ့တို့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၁၄  ဇန်နဝါရီ    

 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်သည် Japan Federation of Bar Associations (JFBA)မှ ဥက္ကဋ္ဌ Mr.Ikeuchi Masatoshi နှင့် ဒုတိယဥက္ကဋ္ဌများ၊  အဖွဲ့ဝင်များ၊ JICA  Judicial  and  Legal  Project မှ   အကြံပေးအရာရှိချုပ်  Mr.  Nose  Kazunori နှင့်အဖွဲ့တို့အား ယနေ့မွန်းလွဲ ၁  နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ 

 

တွေ့ဆုံစဉ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များ၊ ခုံရုံးကဆုံးဖြတ်ခဲ့သည့် တင်သွင်းလွှာများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးနှင့်ဂျပန်နိုင်ငံတို့အကြား ဆက်ဆံမှုတိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဥပဒေရေးရာကိစ္စရပ်များ၊ ရှေ့နေရှေ့ရပ်များ၏ အခန်းကဏ္ဍများနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ JFBA က မြန်မာနိုင်ငံရှေ့နေအဖွဲ့အစည်းများအား ဥပဒေပညာ ပြန့်ပွားရေးအတွက် အကူအညီပေး မည့်ကိစ္စရပ်များ၊ ခုံရုံးဝန်ထမ်း များ၏ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ခုံရုံးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြင့်ဝင်း၊ ဦးတွာလ်ကျင်ပေါင်၊ ဒေါ်လှမျိုးနွယ်၊ ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူးနှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။ 

 

(သတင်းစဉ်)