နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံမှ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် လူရည်ချွန် မောင်မယ်များဩဝါဒခံယူပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုနှင့် ပြခန်းများခင်းကျင်းနေမှု ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံမှ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲ အခမ်းအနားအတွက် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (၂) (MICC II) ၌ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုနှင့် ပြခန်းများ ခင်းကျင်းနေမှုတို့ကို ယနေ့ ညနေပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သွားရောက်ကြည့်ရှု စစ်ဆေးအားပေးသည်။

လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေး

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ခန်းမအတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့မှ အနုပညာရှင်များ၊ ကျောင်းသား ကျောင်းသူများက တေးသီချင်းများ၊ တေးသရုပ်ဖော်များဖြင့် သီဆိုဖျော်ဖြေတင်ဆက်ရန် လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးအားပေးသည်။

ထို့နောက် ဝန်ကြီးဌာနအလိုက် ခင်းကျင်းပြသရန် ပြင်ဆင်ဆောင်ရွက်နေသည့် ပြခန်းများကို ကြည့်ရှုပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဝန်ကြီးဌာန ၂၃ ခုမှ ပြခန်းပေါင်း ၇၆ ခန်း ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်