နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များထပ်ဆင့်ရှင်းလင်း

နေပြည်တော် ဩဂုတ်၂၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုအစိုးရ အဖွဲ့(၆) လတာကာလ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းမှာကြားပြီး ဝန်ကြီးဌာနနှင့်ပတ်သက်၍ ရငွေနှင့် အခွန်အခများ လျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်ရေး၊ သဘာဝပတ်ဝန်းကျင်၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ ထိန်းသိမ်းကာကွယ်ရေး၊ နိုင်ငံသစ် တောဖုံးလွှမ်းမှု ပိုမိုတိုးတက်ကောင်းမွန်စေရန် အမျိုးသားရေး တာဝန်ဖြင့် ဆောင်ရွက်ရေး၊ သစ်တောစိုက်ခင်းတည်ထောင်ခြင်းများ အောင်မြင်အောင် ဆောင်ရွက်ရေး၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရေး၊ တရားမဝင် ဆောင်ရွက်မှုများမရှိစေရေး၊ ဝန်ထမ်းများ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ရေးနှင့် ဌာန၏ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ အောင်မြင်အောင် ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

 

ထို့နောက် ဦးစီးဌာနနှင့်လုပ်ငန်းများမှ ဌာနအကြီးအကဲများက ဌာနအလိုက် ချမှတ်ထားသော မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ၊ ဘဏ္ဍာငွေရှာဖွေနိုင်မှုနှင့် သုံးစွဲမှု၊ ကုန်ထုတ်လုပ်နိုင်မှုနှင့် ဝန်ဆောင်မှုဆောင်ရွက်နိုင်မှု၊ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ (၆) လပတ်ကာလတာ အတွင်း လုပ်ငန်းများအကောင်အထည်ဖော်နိုင်မှု အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထွန်းအုံနှင့် ဦးမင်းသူနှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများက (၆)လတာကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် အားသာချက်၊ အားနည်းချက်များနှင့် ရှေ့ဆက်အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအမံများကို ဖြည့်စွက် ဆွေးနွေးကြပြီးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)