နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၄)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မတ် ၄ 

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး  တင်အောင်စန်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ အတွင်းရေးမှူး စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ လုပ်ငန်းကော်မတီအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပထမအကြိမ်အစည်းအဝေးတွင် ချမှတ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက် ၁၀ ချက်အနက် ၅ ချက်ကို ဆောင်ရွက် ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း၊ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် ၃ ခုမှာ စဉ်ဆက် မပြတ်ဆောင်ရွက်ရမည့်အချက်များ ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ပြည်သူ့ စစ်မှုထမ်း နည်းဥပဒေ ရေးဆွဲရေးနှင့် စံပြုလုပ်ထုံးလုပ်နည်း (Standard Operating Procedure – SOP ) ပြုစုရေးဆွဲရေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက် ထားရှိမှုများကို ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်း (Standard Operating Procedure – SOP ) ပြုစုရေးဆွဲ ရေးနှင့် နည်းဥပဒေပြုစုရေးဆွဲရေး အလုပ်အဖွဲ့ကို  စစ်ဥပဒေချုပ် ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းပေး ခဲ့ပါကြောင်း၊ ယင်းအလုပ်အဖွဲ့အနေဖြင့် နည်းဥပဒေရေးဆွဲရေး အစည်းအဝေး (၂) ကြိမ် ပြုလုပ်ခဲ့ပြီး နည်းဥပဒေ (တတိယမူကြမ်း)ကိုရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း၊ စံပြုလုပ်ထုံးလုပ်နည်း (Standard Operating Producer – SOP ) ကိုလည်း ဥပဒေရေး ရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရေးဆွဲထားပြီး ဖြစ်ပါကြောင်း။ 

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အနေဖြင့် လုပ်ငန်းများ စနစ်တကျ ဖြစ်စေရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစီးသည့် ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟို၊ ဥက္ကဋ္ဌရုံးအဖွဲ့ကို ဖေဖော်ဝါရီ ၂၁ ရက်တွင် လည်းကောင်း၊ မြို့နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို ဖေဖော်ဝါရီ ၂၂ ရက်တွင်လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်စပ်လျဉ်းသည့် အလုပ်အဖွဲ့(၈)ဖွဲ့ကို ဖေဖော်ဝါရီ ၂၄ ရက်တွင်လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ IT နည်းပညာနှင့် အချက်အလက် မှတ်တမ်းတင်ခြင်း အထောက်အကူပြုလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့စစ်မှုထမ်းများ အလုပ်အကိုင်ပြန်လည်ခန့်အပ်ရေးအလုပ်အဖွဲ့ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် လည်း ကောင်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဖွဲ့စည်းပေးထားသည့် အလုပ်အဖွဲ့များအနေဖြင့် ကဏ္ဍအလိုက်လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ပြည်သူ့စစ်မှု ထမ်းများလေ့ကျင့်ရေးအလုပ်အဖွဲ့အနေဖြင့် သင်တန်းများ စဉ်ဆက် မပြတ် ဖွင့်လှစ်နိုင်ရေး လေ့ကျင့်သင်ကြားပေးနိုင်မည့် သင်တန်းကျောင်းများကို လျာထားစီစဉ် ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း။ 

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ပြည်သူလူထုအတွင်း ထင်ယောင်ထင် မှားမဖြစ်စေရေးနှင့် သတင်းမှန်များကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ပြည်သူ့စစ်မှု ထမ်းဆိုင်ရာအချက်အလက်များကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်မှစ၍ Mobile Operator (၄) ခုမှတစ်ဆင့် Short Message Service (SMS) များ ပေးပို့ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်သူ့စစ်မှုထမ်း ဆိုင်ရာ သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင် စောင်ရေ(၁)သိန်းအား တိုင်းဒေသကြီး၊ ပြည်နယ်များမှ တစ်ဆင့်ပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့ပြီး အချို့သော တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ယင်းတို့အစီအစဉ်ဖြင့် အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့ သည်ဟုသိရှိရပါကြောင်း၊ ထို့ပြင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင် သံကြားနှင့် ရေဒီယိုတို့မှလည်း သတင်း၊ TV Spot၊ ဆောင်းပါး၊ အယ်ဒီတာအာဘော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်မှ ပြည်သူ သို့ပြောကြားချက်များစသည်ဖြင့် ထုတ်လွှင့်လျက်ရှိပါကြောင်း။

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်း (Standard Operating Procedure – SOP ) ပြုစုရေးဆွဲရေးနှင့် နည်းဥပဒေပြုစုရေးဆွဲရေး အလုပ်အဖွဲ့မှရေးဆွဲထားသည့် နည်းဥပဒေ(တတိယမူကြမ်း)နှင့် စံပြုလုပ်ထုံးလုပ် နည်း (Standard Operating Procedure – SOP ) တို့အား ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရေးနှင့် သတ်မှတ်ကာလ အပိုင်းအခြားအလိုက် မှန်ကန်တိကျစွာဆောင် ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပေးထားသည့် အလုပ်အဖွဲ့များမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။ 

ယင်းနောက် ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြည်သူ့စစ်မှု ထမ်းဥပဒေဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်း (Standard Operating Procedure – SOP) ရေးဆွဲထားမှုနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဥပဒေချုပ်ရုံးမှ စစ်ဥပဒေချုပ်က ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ(တတိယမူကြမ်း) ရေးဆွဲရေးနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြရာ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်အကြုံပြု ဆွေးနွေးကြပြီး ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟို ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 

ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားတွင် ယခုအစည်းအဝေး၌ အတည်ပြုဆုံးဖြတ်ခဲ့သည့် လုပ်ငန်း အချိန် ဇယားများအတိုင်း အချိန်မီဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ခရိုင်နှင့် မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များသို့ အမြန်ဆုံးပေးပို့ သွားရန်နှင့်  ရေးဆွဲအတည်ပြုထားသည့် စံပြုလုပ်ထုံးလုပ်နည်း (Standard Operating Procedure – SOP ) အတိုင်း လုပ်ငန်းများမြန်ဆန်စွာ ဆောင်ရွက်ကြရန်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ စံပြုလုပ်ထုံး လုပ်နည်းဆိုင်ရာများနှင့် ပတ်သက်၍  ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

သတင်းစဉ်