နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်

ပဲခူး ဇွန် ၂၇

နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်အပ်နှင်းခံခဲ့ရသူများအား ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်  ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများကနိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသည့် ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန်  (ဒုတိယအဆင့်)  နှင့် စီမံထူးချွန်  (တတိယအဆင့်) ၊ ရဲသူရဘွဲ့၊ ရဲဗလဘွဲ့၊ ရဲကျော်သူဘွဲ့ ရရှိ သူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆုရရှိသူများ၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကဏ္ဍတွင် ထူးချွန်စွာ ဆောင်ရွက်နိုင်ခဲ့သူများ၊ အားကစားထူးချွန်ဆုနှင့် စီမံထူးချွန်ဆုရရှိသူများအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံတော်အဆင့်နှင့် ပြည်ထောင်စုအဆင့်တို့တွင် ဝဏ္ဏကျော်ထင်ဘွဲ့ ရသူ (၁) ဦး၊ စီမံထူးချွန် (၂) ဦး၊ ရဲသူရဘွဲ့ရသူ (၁) ဦး၊ ရဲဗလဘွဲ့ရသူ (၃၇) ဦး၊ ရဲကျော် သူဘွဲ့ရသူ (၂) ဦး၊ စိုက်ပျိုးရေး ကဏ္ဍတွင် (၃) ဦးနှင့်မွေးမြူရေးကဏ္ဍတွင် (၂) ဦး စုစုပေါင်း  (၄၈) ဦးရရှိခဲ့ပြီး တိုင်းဒေသကြီးအဆင့်တွင် လုံခြုံရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆုရရှိသူ (၁၁) ဦး၊ အားကစားကဏ္ဍထူးချွန်ဆု (၁) ဦးနှင့် စီမံရေးရာထူးချွန်ဆု (၃) ဦး စုစုပေါင်း (၁၅) ဦးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်)