နိုင်ငံရွှေ့ပြောင်းလာသူများကို ထိန်းသိမ်းထားတဲ့ တက်ဆက်ပြည်နယ်က စခန်းတွေမှာ ကြောက်စရာကောင်းလောက်အောင် လူအများအပြားရှိနေ

၃ ဇူလိုင် 

အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်ရှိ နိုင်ငံရွှေ့ပြောင်းလာသူများထိန်းသိမ်းထားသော စခန်းတွေမှာ လူတွေဟာ ကြောက်စရာကောင်းလောက်အောင် များပြားနေကြောင်း ပြည်ထဲရေးဌာနရဲ့ စစ်ဆေးရေးမှူးက အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။ 

 

1386

 

ပြည်ထဲရေးဌာနရဲ့ စစ်ဆေးရေးမှူး ဂျနီဖာကော့စတယ်လို က ထိန်းသိမ်းရေးစခန်းရှိ ဝန်ထမ်းနဲ့ ထိန်းသိမ်းခံထားရသူတွေရဲ့ လုံခြုံရေးကို စိုးရိမ်ကြောင်းနဲ့ အခြေအနေဟာ ချိန်ကိုက်ဗုံး တစ်လုံးလို ဖြစ်နေကြောင်း ပြောပါတယ်။ 

 

65

 

ထိန်းသိမ်းရေးစခန်းတွေရှိ အခန်းတွေဟာ လှောင်အိမ်လို သို့မဟုတ် အချုပ်ခန်းလိုထဲမှာ ကလေးငယ်တွေဟာ ပခုံးခြင်းထပ်ပြီး အိပ်နေရတဲ့ ပုံစံမျိုးရှိပါတယ်။ လူပေါင်း ၈၀ဝ၀ လောက်ထဲက တစ်ဝက်နီးပါး ၃၄၀ဝဦး ဟာ လူတစ်ဦးကို ဖမ်းဆီးနိုင်ခွင့်  ၇၂ နာရီထက်ကျော်လွန်နေကြောင်း နဲ့ နယ်စပ်လုံခြုံရေးကနေ ဖမ်းဆီးထားတဲ့ လူပေါင်း ၁၅၀ဝ ဟာ ဖမ်းဆီးထားချိန် ၁၀ ရက်ကျော်နေတာကို တွေ့ရပါတယ်။ 

 

22

 

နယ်စပ်လုံခြုံရေးက ထိန်းသိမ်းထားတဲ့ လူပေါင်း ၂၆၆၉ ထဲကနေ ၃၁ ရာခိုင်နှုန်း ၈၂၆ ဦးဟာ ကလေးငယ်တွေဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းထားချိန်ဟာလည်း ၇၂ နာရီကျော်နေပြီလို့ စစ်ဆေးရေးမှူး ဂျနီဖာက ပြောပါတယ်။ နယ်စပ်လုံခြုံရေးက ဖမ်းဆီးထားတဲ့ ကလေး ၅ ယောက်မှာ ၃ ယောက်ဟာ ရေးချိုးမရသလို အစားအစာကလည်း ထမင်းဟင်းအပူကို မစားရဘဲ အသားညှပ်ပေါင်မုန့်သာ စားနေရကြောင်း သိရပါတယ်။ 

လွှတ်တော်အမတ် ကာမယ်လာဟယ်ရီစ်က စခန်းထဲက အခြေအနေဟာ ဘယ်လူသားတစ်ယောက်မှ ရှိနေသင့်အခြေအနေ မဟုတ်ဘူး။ ဒါဟာ လူသားအဆင့်မရှိတဲ့အခြေအနေဖြစ်တယ်လို့ တွစ်တာမှာရေးသားသလို နောက်ထပ်လွှတ်တော်အမတ်တစ်ဦးကလည်း လူသားတွေကို တိရိစ္တာန်တွေလို ဒီနိုင်ငံမှာ ထိန်းသိမ်းထားတယ်။ အဲဒါကို မြင်ရတာ အော့နှလုံးနာစရာပါဘဲလို့ရေးသားပါတယ်။ 

ထိန်းသိမ်းရေးစခန်းကို သွားရောက်လည်ပတ်တဲ့ ဒီမိုကရက်ပါတီအမတ်တွေကို အိမ်ဖြူတော်နဲ့ နယ်စပ်လုံခြုံရေးရဲ့ တာဝန်ရှိသူတွေက တနင်္လာနေ့က ရှုတ်ချကြပါတယ်။

MDN
ကိုးကား - AFP