နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်ထဲမှ အနုပညာရှင်များနှင့်အတူ အကယ်ဒမီဖွေးဖွေးကို အနုပညာ အကြံပေး အဖွဲ့ဝင်အဖြစ် IFIIX မှ ကမ်းလှမ်း

နေပြည်တော် ၂၉ ဇန်နဝါရီ

 

နိုင်ငံတကာ ရုပ်ရှင်များနှင့် ပြည်တွင်းရုပ်ရှင်ဇာတ်ကားများကို အင်တာနတ်ကနေ တစ်ဆင့် ကြည့်ရှုခံစားနိုင်ရန် ifIix မိတ်ဆက်ပွဲသို့ အကယ်ဒမီဖွေးဖွေးကို ဖိတ်ကြားပြီး အနုပညာနှင့် ပတ်သက်၍ အကြံပေးနိုင်ရန်အတွက် အဖွဲ့ဝင်အဖြစ် သတ်မှတ်ခြင်းကို ဇန်နဝါရီ ၂၈ရက် ညနေ ၃နာရီက ရန်ကုန်မြို့ ဗိုလ်ချုပ်အောင် ဆန်းလမ်းရှိ Juction City တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

" ဖွေးဖွေးကို အနုပညာ အကြံပေးအဖြစ် ဖိတ်ခေါ်ရတာကတော့ သူက ၂၀၁၂ ခုနှစ်တုန်းက "လက်ပံ" ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံး ထူးချွန်ဆုကို ရရှိခဲ့တယ်၊ နောက်သုံးနှစ်လောက် ကြာတဲ့အခါ "ကျွန်မက နှင်းဆီပါမောင်"  ဇာတ်ကားနဲ့ ထပ်မံ ဆုရခဲ့တယ်။ ပရိသတ်ကြည့်ရှုသူ အများအပြားရှိခဲ့တဲ့ စံချိန်တင် ဇာတ်ကားတွေ ဖြစ်ခဲ့ပါတယ်။ နောက်တီဗွီ ကြော်ငြာတွေ၊ သီချင်းတွေ၊ ဗီဒိယိုကားတွေလည်း အများကြီး ရိုက်ထားသူဖြစ်တာမို့ အနုပညာနဲ့ပတ်သက်ပြီး အကောင်းဆုံးတွေ အကြံပေးနိုင်မယ်လို့ယူဆပြီး ကျွန်တော်တို့ အဖွဲ့ဝင်အဖြစ် ကမ်းလှမ်းခဲ့တာပါ။ ကျွန်တော်တို့ ifIix အနေနဲ့ နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်တွေနဲ့လည်း ချိတ်ဆက်ပြီး ဖျော်ဖြေရေး ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ဆောင်ခဲ့ပါတယ်။ မြန်မာပြည်မှာတော့ ပြည်ပနိုင်ငံက ဇာတ်ကားတွေပဲ ပြသခဲ့တာပါ။ အခုဆို ပြည်တွင်း ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရှုနိုင်ရန်  ပထမဆုံး လက်တွဲလုပ်ဆောင်တာပါ"ဟု ifIixမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

 

 

ifIix သည် အင်ဒိုချိုင်းနား ဒေသဆိုင်ရာ အကြီးအကဲ Adeana Greenlee မှ ဖွေးဖွေးအား မိမိတို့၏  မိသားစုဝင်အဖြစ် ကြိုဆိုကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး  မိမိတို့အနေဖြင့် ဖွေးဖွေး၏ ရုပ်ရှင်ဇာတ်ကားများကို နိုင်ငံပေါင်း ၂၅နိုင်ငံရှိ  လူပေါင်းတစ် ဘီလီယံကျော် ကြည့်ရှုနိုင်ရန် ဆောင်ရွက်မည်ဟုသိရသည်။

 

 

ကိုလင်း