နေပြည်တော် မတ် ၂၀
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ပရှိမြန်မာသံရုံး၊ မြန်မာအဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ၏ ဝန်ထမ်းများနှင့် မိသားစုဝင်များက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ကပ်လှူသည့် ရွှေပြားသင်္ကန်းတော် (၆) ကျပ်သား (၂) ချပ်နှင့် (၁) ကျပ်သား (၁၃) ချပ်တို့အတွက် အလှူငွေ ကျပ် ၆၂,၅၀၀,၀၀၀/- (ကျပ်ခြောက်ရာနှစ်ဆယ့်ငါးသိန်းတိတိ) အား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ရှိ ရှေးဟောင်းတန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အလှူတော်ငွေကျပ် ၆၂၅ သိန်း တန်ဖိုးရှိ ရွှေပြားသင်္ကန်းတော် (၁၅) ချပ်ကို ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းရာ ဘုရားဂေါပကအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးနှင့် အလှူရှင်များသည် ရွှေသင်္ကန်း (၆) ကျပ်သား (၂) ချပ်ကို ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ငှက်ပျောဖူး၌လည်းကောင်း၊ ရွှေသင်္ကန်း (၁) ကျပ်သား (၁၃) ချပ်ကို အထက်ပစ္စယံ (၈) မြောက်ဘက်၌လည်းကောင်း ကိုယ်တိုင်ကိုယ်ကျ တက်ရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်