နိုင်ဂျီးရီးယား ဘဏ် လုယက်မှုဖြစ်ပွား လေးဦးသေဆုံး

၇ ဖေဖော်ဝါရီ

 

ရဲအရာရှိတစ်ဦးက နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်း Ile Oluji မြို့ရှိ စီးပွားရေးဘဏ်တစ်ခုတွင် လုယက်မှုဖြစ်ပွားခဲ့သဖြင့် လူ လေးဦး သေဆုံးခဲ့ကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

 

အွန်ဒို ပြည်နယ် Ile Oluji မြို့ရှိ ဘဏ်လုယက်မှု သေဆုံးသူများထဲတွင် ထို ဘဏ်တာဝန်ကျ ရဲတပ်ဖွဲ့ဝင် နှစ်ဦးပါဝင်သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖီမီ ဂျိုးဆက် က သတင်းထောက်များကို ပြောကြားသည်။

 

အခြား သေဆုံးသူ နှစ်ဦးမှာ မည်သူမည်ဝါဖြစ်သည်ကို စောင့်ကြည့်ရန်လိုသေးကြောင်းနှင့် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို