နိုင်ဂျာနိုင်ငံတွင် တိုက်ခိုက်မှုဖြစ်ပွား စစ်သွေးကြွ ၆၀ ဦး နှင့် စစ်သား၂၅ ဦး သေဆုံး

၁၀ ဇန်နဝါရီ

 

နိုင်ဂျာနိုင်ငံ အနောက်ဘက်ရှိ စစ်စခန်းတစ်ခုတွင် ယမန်နေ့ညပိုင်းက တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ စစ်သား ၂၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ဂျာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

အနောက်အာဖရိက မာလီနိုင်ငံနှင့် နယ်နိမိတ်မြို့ဖြစ်သော ချင်ဂါဒါ ရှိ စစ်စခန်းတစ်ခုတွင် ယင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ယခုချိန်အထိ မည်သည့်အဖွဲ့ကမှ ဝန်ခံပြောဆိုခြင်း မရှိသေးပေ။

 

၎င်းတိုက်ခိုက်မှုတွင် စစ်သွေးကြွ အယောက် ၆၀ ကျော် သေဆုံးခဲ့ကြောင်း ထိုကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို