ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘာအဟန့်အတားမှ မရှိဘဲ ရှေ့ဆက်လုပ်ဆောင် နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်

နေပြည်တော် ၁၃ ဖေဖော်ဝါရီ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုက ရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နေ့လည်ပိုင်းက နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- (MICC-2) ၌ ကျင်းပခဲ့ပါသည်။ 

အဆိုပါအခမ်းအနားသို့ တက်ရောက်လာသော ပြည်ပနိုင်ငံများမှ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့ အစည်းများမှ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်တို့၏ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ် သက်၍ Myanmar Digital News မှ တွေ့ဆုံမေး မြန်းဖြစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. Virasakdi Futrakul ကထိုင်းအစိုးရအနေနဲ့ မြန်မာ အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အပြည့်အဝ ထောက်ခံပါတယ်။ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ပဋိပက္ခအရှိန် လျော့ချဖို့ ကြိုးပမ်းဖြေရှင်းလိုတဲ့ မြန်မာအစိုးရရဲ့ဆန္ဒကို တစ်ထောင့်တစ်နေရာကနေ ဖြည့်ဆည်း ပေးဖို့ ထိုင်းအစိုးရအနေနဲ့ အဆင်သင့်ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ ပတ်သက်ပြီး ကျွန်တော့် အနေနဲ့ မှတ်ချက်မပေးလိုပါဘူး။ 

ထိုင်းနိုင်ငံက မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်ပြီး နယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်နေတဲ့အတွက် တိုင်းရင်းအဖွဲ့အစည်းပေါင်းစုံက နှစ်နိုင်ငံနယ်စပ်တစ်လျှောက်မှာ ရှိနေပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အောင်မြင်တာကို မြင်တွေ့လိုပါတယ်။ နှစ်နိုင်ငံပြည်သူ တွေကြား နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းမှုကို အခြေခံပြီး ငြိမ်းချမ်းစွာနဲ့ အပြန်အလှန် မှီခိုနိုင်ဖို့အတွက် နှစ်နိုင်ငံ နယ်စပ်မှာ ငြိမ်းချမ်းပြီး တည်ငြိမ်စေချင်ပါတယ်။

ထိုင်းအစိုးရက မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ မရှိသလို မှတ်ချက်လည်း မပေးလိုပါဘူး။ ငြိမ်း ချမ်းရေးဖြစ်စဉ် အဆင်ပြေချောမွေ့ဖို့ မြန်မာအာဏာပိုင်တွေရဲ့ ဘယ်လိုမေတ္တာရပ်ခံချက်ကိုမဆို ထိုင်းနိုင် ငံက တတ်နိုင်သလောက် ကူညီပေးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို စတင်အကောင် အထည်ဖော်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အစိုးရအနေနဲ့ တိုင်းရင်းသားအဖွဲ့အစည်း ၈ ခုနဲ့ တစ်တိုင်းပြည်လုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။ ဒါဟာ အလွန်ကောင်းပါတယ်။ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ရှေ့ဆက်လုပ်ဆောင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေ သေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း ဆက်လက်ပြီး လက်မှတ်ရေးထိုးမယ်လို့ မျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘာအဟန့်အတားမှ မရှိဘဲ ရှေ့ဆက်လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော်တို့မျှော် လင့်ပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ပါစေလို့ ကျွန်တော်ဆန္ဒပြုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်ရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေးဟာ ထိုင်းနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေးနဲ့လည်း သက်ဆိုင်ပါတယ်။ နှစ်နှစ်အတွင်းမှာ တိုင်းရင်းသားအဖွဲ့အစည်း နှစ်ခုနဲ့ တစ်တိုင်းပြည်လုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုုးနိုင်ခဲ့ပါတယ်။ ဒီသဘောတူညီချက်ကို လက်မှတ်ရေး ထိုးဖို့ နောက်ထပ် တိုင်းရင်းသားအဖွဲ့အစည်း ၁၁ ခု ကျန်ရှိနေသေးတယ် လို့ သိရပါတယ်။ 

တွေ့ဆုံမေးမြန်း-စုရည်မွန်၊ ကျော်ထိုက်စိုး-ဓာတ်ပုံ-ကျော်ထိုက်စိုး