ငွေကျပ်(၃၅)သိန်း ခိုးယူသူအား နာရီပိုင်းအတွင်း ဖမ်းမိ

မင်းလှ ၈  ဧပြီ

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ဝဇီရာရပ်ကွက်၊ ဝဇီရာလမ်းတွင် နေအိမ်အတွင်း ထားရှိသော ငွေကျပ် ၃၅ သိန်း ခိုးယူခံရမူအား စစ်ကွင်းနယ်မြေရဲစခန်းသို့ ဧပြီ ၇ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ချိန်က တိုင်ကြားခဲ့ရာ နာရီပိုင်းအတွင်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

စစ်ကွင်းနယ်မြေရဲစခန်းမှူး ရဲအုပ်ခင်မောင်နိုင်နှင့် တပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ စုံစမ်းဖော်ထုတ်ခဲ့ရာ ခိုးယူသွားသူမှာ ဝဇီရာလမ်းနေ နိုင်လင်းအောင် အသက်(၁၉)နှစ် (ယခင်ခိုးယူမူဖြင့် ပြစ်ဒဏ်ကျခံဖူးသူ) ရှိသူအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ပြီး ခိုးယူသွားသော ငွေကျပ်(၃၅) သိန်းဖြင့် ဝယ်ယူထားသော ပစ္စည်းများနှင့် ငွေ(၁၁)သိန်းအား သိမ်းဆည်းရမိကြောင်း၊ ကျန်ရှိသောငွေများကို ဖော်ထုတ်သိမ်းဆည်း နိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

ပေါက်စ (မင်းလှ)