NEW YEAR COUNTDOWN YANGON 2018 ဂီတ ပွဲတော်ကျင်းပမည်

၂၉ ဒီဇင်ဘာ

 

ဘန်ကောက်မြို့ အခြေဆိုက် Retox Sessions ၏ ကူညီပံ့ပိုးမှုနှင့် Hi Life Entertainment မှ ကြီးမှူး ကျင်းပမည့်  News Year Countdown Yangon ဂီတ ပွဲတော်ကြီးကို  ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီမှာ စတင်ကာ  ရန်ကုန်မြို့  ၊သုဝဏ္ဏ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment Park ကွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း  သိရသည်။ 


အဆိုပါဂီတပွဲတော်သည် ထိုင်းနိုင်ငံတွင် နှစ်စဉ်ကျင်းပပြုလုပ်လျှက်ရှိသော  အကြီးမားဆုံးဂီတ ပွဲတော်နှင့် တူညီပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ ခုနှစ်မှစတင်ကာ EDM Festivals ပွဲများကို ကျင်းပခဲ့ရာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၉ ရက် က   Road To TMF Pool Patry , Thingyan Music Festival (TMF) , Together Festival Yangon , Monsoon Madaness Music Festival တို့ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည် ။

 

" ဒီတစ်ခါလုပ်ဖြစ်တာကတော့၊ ကျွန်တော်တို့ နှစ်သစ်ကူး (New Year) မှာ အားလုံးပါဝင်ဆင်နွှဲစေချင်တဲ့ စိတ်ကြောင့် လုပ်ဖြစ်တာဆို မမှားပါဘူး၊ နိုင်ငံတကာမှလည်း ဒီလိုပွဲတွေ ကျင်းပမယ်ဆိုတော့  ကိုယ်နိုင်ငံအနေနဲ့လည်း ပါဝင်ချင်တာကြောင့်လိုပြောရင် အများဆုံးမှန်ပါတယ်၊ ရန်ကုန်မြို့ရဲ့ တစ်နှစ်တာ ဖြတ်သန်းမှုကြီး ကုန်ဆုံးသွားပြီး အားလုံးစိတ်သစ်လူသစ် နဲ့ အရာရာကိုအသစ်သစ်တွေ ဖန်တီးစေချင်တယ်ဆိုတဲ့အကြောင်း၊ နောက်ပြီးတော့ ကျွန်တော်တို့ ဒီပွဲပုံစံမျိုးကိုပဲ ၂၀၁၈ ထဲမှာပဲ Myanmar Premium New Year Countdown Yangon အမည်နဲ့ ကျင်းပမှာပါ၊ အခုပွဲက နိုင်ငံတကာအဆင့်ရှိတဲ့ပွဲကြီးဆိုတော့  ဂီတဖျော်ဖြေ မှုပိုင်းကအစ ပြည်ပက ပညာရှင်တွေပါမယ်  နောက်ပျော်ပွဲရွှင်ပွဲ အစီအစဉ်တွေလဲ ထည့်ထားပါတယ်" ဟု H- Life Entertainment မှ တာဝန်ရှိသူတစ်ဦးက ပြောသည် ။

 

 အဆိုပါဖျော်ဖြေပွဲသို့ နိုင်ငံတကာမှ ဂီတပညာရှင်များဖြစ်ကြသည့်၊ Breath Carolina , Carnage , Cesqeaux , Jewelz & Sparks နှင့် Say My Name စသည့် ပညာရှင်များ အပြင် ပြည်တွင်း ဂီတပညာရှင်များ ပါဝင်မည်ဖြစ်ပြီး၊ လက်မှတ်ဈေးနှုန်းများကို သိရှိလိုပါက ဝ၉-၇၇၅၀ဝ၇၇၅၀  နှင့် ဝ၉-၇၇၅၀၇၇၅၀ဝ သို့ ဆက်သွယ်စုံစမ်း မေးမြန်းမှာယူနိုင်ကြောင်းသိရသည် ။

 

ကိုလင်း